☀️ “နွေရာသီအပူဒဏ်နှင့် သင့်မိသားစုကျန်းမာရေး” အသိပညာပေးဟောပြောပွဲကို ရွိုင်ရယ်-ဒီ (Royal-D) မှ ဦးဆောင်ကျင်းပ

မိဘပြည်သူများ နွေရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရန်

🏠 မိသားစုတိုင်းအတွက် နွေရာသီကျန်းမာရေး ဗဟုသုတများ မျှဝေခြင်း ရွိုင်ရယ်ဒီ (Royal-D) မိသားစုအနေဖြင့် မိဘပြည်သူများ နွေရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် သိထားသင့်သည့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို ဝေမျှပေးရန် ရည်ရွယ်၍ နွေရာသီအပူဒဏ်နှင့် သင့်မိသားစုကျန်းမာရေး အသိပညာပေးဟောပြောပွဲကြီးကို ရန်ကုန်မြို့၊ Times City အားကစားနှင့် ပရိုမိုးရှင်းဧရိယာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

ယခု ဟောပြောပွဲတွင် ကျန်းမာရေးကဏ္ဍမှ ထင်ရှားသည့် ဒေါက်တာသူရိန်လှိုင်ဝင်း ပရိသတ်ချစ်ခင်အားပေးရသည့် သရုပ်ဆောင် နော်ဖောအယ်ထား နှင့်အတူ လူမှုကွန်ရက် Social Influencer များဖြစ်ကြသည့် မနန္ဒါ နှင့် မမြဘုန်းဆင့် တို့က အထူးဧည့်သည်တော်များအဖြစ် တက်ရောက်ကာ နွေအပူဒဏ်ကို စနစ်တကျ တုံ့ပြန်နိုင်မည့် နည်းလမ်းများကို အကျယ်တဝင့် ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။

💡 ဟောပြောပွဲမှ သိထားသင့်သည့် နွေရာသီ ကျန်းမာရေး ဆောင်ရန်/ရှောင်ရန်များ ဟောပြောပွဲအတွင်း အဓိကထား ဆွေးနွေးခဲ့ကြသည့် မိသားစုတိုင်း လိုက်နာမှတ်သားသင့်သော ကျန်းမာရေးလမ်းညွှန်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်

  • 👕 လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်နိုင်သည့် အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ပါ။
  • ⛱️ အပြင်ထွက်သည့်အခါတိုင်း နေရောင်ခြည် တိုက်ရိုက်မထိတွေ့စေရန် ထီး (သို့) ဦးထုပ် ဆောင်းပေးပါ။
  • 💧 ရေဓာတ်မခမ်းခြောက်စေရန် နေ့စဉ် ရေနှင့် အရည်များကို ပုံမှန်ထက် ပိုမိုသောက်သုံးပေးပါ။
  • 🔋 ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားသော ဓာတ်များကို အမြန်ဆုံး ဖြည့်တင်းပေးနိုင်သည့် ဓာတ်ဆားဖြည့်ဖျော်ရည်ကို သောက်သုံးပါ။
  • 🏃♂️ နေပူရှိန်ပြင်းထန်ချိန်တွင် ခန္ဓာကိုယ်ကို အလွန်အမင်း မောပန်းစေမည့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကို ဆင်ခြင်ပါ။
  • တတ်နိုင်သမျှ အပူရှိန်အပြင်းဆုံးအချိန်ဖြစ်သည့် မနက် (၁၁) နာရီမှ ညနေ () နာရီအတွင်း နေပူထဲသို့ သွားလာခြင်းကို ရှောင်ကြဉ်ပါ။
  • 🍽️ ခန္ဓာကိုယ်အတွင်း အပူဒဏ်ကို ပိုမိုလှုံ့ဆော်ပေးမည့် အစားအစာများကို နွေရာသီတွင် လျှော့ချစားသုံးပါ။

🎉 ပျော်ရွှင်စရာဂိမ်းများနှင့် အေးမြလန်းဆန်းစေမည့် ဓာတ်ဆားဖြည့်တင်းမှု အသိပညာပေး ဟောပြောချက်များအပြင် တက်ရောက်လာကြသည့် မိဘပြည်သူများ ပျော်ရွှင်စေရန်အတွက် စိတ်လှုပ်ရှားဖွယ် ဂိမ်းအစီအစဉ်များကို ကျင်းပပေးခဲ့ပြီး၊ နွေအပူဒဏ်ကို အေးမြစေရန် ရေနှင့်ဓာတ်ဆားဓာတ်များ အချိန်မီ ပြန်လည်ဖြည့်တင်းပေးနိုင်သည့် ရွိုင်ရယ်ဒီ ဘူးများကို ဝေငှပေးခဲ့ပါသည်။

ပင်ပန်းနွမ်းနယ်နေသူတိုင်းအတွက် ခန္ဓာကိုယ်မှ လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဖြည့်တင်းပေးမည့် အကောင်းဆုံး ရွေးချယ်စရာအဖြစ် ရွိုင်ရယ်ဒီ (Royal-D) က အမြဲတစေ အနားမှာ ရှိနေပါမည်။ ဟောပြောပွဲသို့ လာရောက်အားပေးခဲ့ကြသည့် မိဘပြည်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် အမှတ်တရ ကုသိုလ်ပုံရိပ်များကို ပြန်လည်ဝေမျှအပ်ပါသည်။

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး

💧 “ဘာမဆိုရင်ဆိုင် 22 ဖြတ်သန်းကြမယ်” မန္တလေးတိုင်းဒေသကြီးရှိ ကိုဗစ်-၁၉ ကာကွယ်ကုသရေး နေရာများအတွက် ရွိုင်ရယ်-ဒီ (Royal-D) ၏ အထူးလှူဒါန်းမှုကမ်ပိန်း စတင်တိုးချဲ့

ပြည်သူလူထုတစ်ရပ်လုံး ကပ်ရောဂါအကျပ်အတည်းကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ရေး

💚 ရှေ့တန်းမှ ကာကွယ်ကုသပေးနေသူများနှင့်အတူ လက်တွဲခြင်း ပြည်သူလူထုတစ်ရပ်လုံး ကပ်ရောဂါအကျပ်အတည်းကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ရွိုင်ရယ်ဒီ (Royal-D) မိသားစုသည် အများပြည်သူများနှင့်အတူ လက်တွဲကာ စဉ်ဆက်မပြတ် အားဖြည့်ပံ့ပိုးလျက် ရှိပါသည်။

ရွိုင်ရယ်ဒီ (Royal-D) ဘာမဆိုရင်ဆိုင် 22 ဖြတ်သန်းကြမယ် အထူးလှူဒါန်းမှု အစီအစဉ်ကြီးမှတဆင့် ရန်ကုန်မြို့ရှိ ကိုဗစ်၁၉ ကာကွယ်ကုသပေးနေသည့် နေရာဌာနများသို့ အောင်မြင်စွာ ကွင်းဆင်းလှူဒါန်းပေးခဲ့ပြီး ဖြစ်ပါသည်။

ယခုအခါ ၎င်းမွန်မြတ်လှသော ကုသိုလ်ရေးလုပ်ငန်းစဉ်များကို ပိုမိုကျယ်ပြန့်စွာ ကူညီပံ့ပိုးပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး သို့ပါ အားတက်သရော တိုးချဲ့ရောက်ရှိလို့ လာခဲ့ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

🤝 အလှူရှင်များ၏ မေတ္တာကို အပိုထပ်ဆောင်း ဖြည့်ဆည်းပေးခြင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်၁၉ ကာကွယ်တွန်းလှန်တိုက်ဖျက်နေကြသော ဆေးရုံများ၊ ကုသရေးစင်တာများနှင့် လိုအပ်သည့် မည်သည့်နေရာဌာနများအတွက်မဆို ရွိုင်ရယ်ဒီ (Royal-D) ဓာတ်ဆားဖျော်ရည်များ ဝယ်ယူလှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် မိတ်ဆွေတို့ ဝယ်ယူလှူဒါန်းမှု ပမာဏတိုင်းအတွက် ရွိုင်ရယ်ဒီ (Royal-D) မိသားစုဘက်မှ:

📈 (၂၂ % – ၂၂ ရာခိုင်နှုန်း) အပိုထပ်ဆောင်း ဖြည့်စွက်ကာ မေတ္တာဖြင့် အတူပါဝင် မျှကူလှူဒါန်းပေးသွားမည် ဖြစ်ပါသည်။

🚚 စိတ်အေးချမ်းသာစွာ လှူဒါန်းနိုင်ဖို့ အခမဲ့အရောက်ပို့ဆောင်ခြင်း အလှူရှင်များအနေဖြင့် လူကိုယ်တိုင် သွားရောက်ပို့ဆောင်ရန် အခက်အခဲမရှိစေဘဲ စိတ်အေးချမ်းသာစွာ ကုသိုလ်ယူနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မည်သည့် Covid-19 ကာကွယ်တိုက်ဖျက်ရေး နေရာဌာနကိုမဆို ရွိုင်ရယ်ဒီ အဖွဲ့သားများက အမြန်ဆုံး အထူးဝန်ဆောင်မှုဖြင့် လက်ဝယ်အရောက် စနစ်တကျ အခမဲ့ ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။

📞 ပါဝင်လှူဒါန်းလိုပါက ဆက်သွယ်ရန်ဘာမဆိုရင်ဆိုင် ၂၂ ဖြတ်သန်းကြမယ်ကမ်ပိန်းတွင် ပါဝင်လှူဒါန်းလိုပါက Royal-D Foundation ဖုန်းနံပါတ်များသို့ တိုက်ရိုက် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

  • 09-771250630
  • 09-420091123

ရွိုင်ရယ်ဒီ (Royal-D) အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့ အရေးကြုံလာသည့် အခြေအနေတိုင်းတွင် ရှေ့တန်းမှနေ၍ တစ်တပ်တစ်အား အမြဲအသင့် ပါဝင်ကူညီသွားမည် ဖြစ်ပါသည်။ မိဘပြည်သူ အလှူရှင်များအားလုံး ရွိုင်ရယ်ဒီနှင့်အတူ အခက်အခဲများကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ရင်း ကုသိုလ်များ အတူတကွ ရယူနိုင်ကြပါစေကြောင်း လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး

ရေဓာတ်၊ လန်းဆန်းမှုနှင့် အားအင်များကို ဖြည့်ဆည်းပေးသော အမှတ်တံဆိပ်များ

မြန်မာအိုအေစစ်တွင် စားသုံးသူတို့၏ နေ့စဉ် လိုအပ်ချက်အမျိုးမျိုးနှင့် ကိုက်ညီမည့် သောက်သုံးဖွယ် ထုတ်ကုန်များကို ထုတ်လုပ်ပေးလျက် ရှိပါသည်။ ရေဓာတ်အမြန်ဆုံး ဖြည့်တင်းခြင်း၊ နေ့စဉ် လန်းဆန်းစေခြင်းမှသည် အားအင်ဖြည့်တင်းခြင်းအထိ ကျွန်ုပ်တို့၏ ထုတ်ကုန်အမှတ်တံဆိပ်များအားလုံးသည် အရည်အသွေး၊ ဆန်းသစ်တီထွင်မှုနှင့် ယုံကြည်စိတ်ချရမှုတို့ကို ဗဟိုပြု၍ ဖန်တီးထားခြင်း ဖြစ်ပါသည်။

လက်လီ/လက်ကား ဝယ်ယူအားပေးနိုင်မည့် အရောင်းဆိုင်များနှင့် ဆက်သွယ်ရန်နေရာများ

Myanmar Oasis Manufacturing Co., Ltd. မှ ထုတ်လုပ်ထားသော Royal-D၊ Hikari နှင့် Regen-D ဖျော်ရည်များကို မိမိတို့နှင့် နီးစပ်ရာ လက်လီဆိုင်များ၊ Convenience Store များနှင့် Shopping Center ကြီးများတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။

ထို့ပြင် စီးပွားရေးအလို့ငှာ တဆင့်ပြန်လည်ရောင်းချရန်အတွက် လက်ကား ဝယ်ယူလိုသူများ အနေဖြင့်လည်း အောက်တွင် မိမိတို့နှင့် သက်ဆိုင်ရာ မြို့အလိုက် ဖော်ပြပေးထားသည့် ဆက်သွယ်ရန် ဖုန်းနံပါတ်များသို့ တိုက်ရိုက် ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါသည်။

ကျွန်ုပ်တို့နှင့် အတူလက်တွဲရန် သို့မဟုတ် စုံစမ်းမေးမြန်းရန်

Myanmar Oasis Manufacturing Co., Ltd. ၏ ထုတ်ကုန်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်၊ အကြံပြုချက်များ ပေးပို့ရန် သို့မဟုတ် စီးပွားဖက်အဖြစ် အတူတကွ လက်တွဲလုပ်ကိုင်ရန်အတွက် ဖော်ပြထားသော Form တွင် မိမိတို့၏ အချက်အလက်များကို ဖြည့်စွက်၍ Message ပေးပို့နိုင်သလို၊ ကျွန်ုပ်တို့၏ ရုံးချုပ်နှင့် အရောင်းဌာန ဖုန်းနံပါတ်များသို့လည်း တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Yangon Heritage Night Run မှာ အမြင့်မားဆုံး စွမ်းဆောင်ရည်အတွက် ယုံကြည်စိတ်ချရတဲ့ Performance Partner

Yangon Heritage Night Run မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ အပြေးသမားတွေရဲ့ အားကစားစွမ်းဆောင်ရည်ကို အမြင့်ဆုံးအဆင့်မှာ ထိန်းထားနိုင်ဖို့ Royal-D က ယုံကြည်စိတ်ချရတဲ့ Performance Partner အဖြစ် အပြည့်အဝ ပံ့ပိုးပေးခဲ့ပါတယ်။ ညအပြေးပြိုင်ပွဲရဲ့ စိန်ခေါ်မှုတွေကြားထဲက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ရေဓာတ်ဖြည့်တင်းမှု၊ ကြွက်သားကြံ့ခိုင်မှုနဲ့ ဆုံးရှုံးသွားတဲ့ အားအင်တွေကို အမြန်ဆုံး ပြန်လည်ပြည့်ဖြိုးလာစေဖို့ ထိရောက်စွာ ကူညီပေးခဲ့တာပါ။

ရန်ကုန်မြို့ပြရဲ့ သမိုင်းဝင်အလှတရားတွေကြားမှာ စွမ်းဆောင်ရည်အပြည့်နဲ့ ပန်းတိုင်ကို အကောင်းဆုံးပုံစံအတိုင်း ဖြတ်ကျော်နိုင်ဖို့ သင့်ရဲ့ ခြေလှမ်းတိုင်း၊ စံချိန်တိုင်းမှာ Royal-D က ယုံကြည်စိတ်ချရတဲ့ အဖော်မွန်အဖြစ် အနီးကပ် ရှိနေပေးခဲ့ပါတယ်။ နောင်လာမယ့် ပြိုင်ပွဲတွေရဲ့ စိန်ခေါ်မှုတိုင်းမှာလည်း အားကစားစွမ်းဆောင်ရည်တွေကို အတူတူ မြှင့်တင်ပေးသွားဦးမှာပါ။

Alaingni Trail Open ရဲ့ လမ်းကြောင်းပေါ်က လတ်ဆတ်နေဆဲ အမှတ်တရများ

ပြိုင်ပွဲမစခင် မြို့ပြရဲ့အဝေး သဘာဝတောတောင်တွေကြားက စိန်ခေါ်မှုအပြည့်ရှိတဲ့ လမ်းကြောင်းတွေ၊ အားလုံးအဆင်ပြေချောမွေ့စေဖို့ စနစ်တကျနဲ့ အစွမ်းကုန်ပြင်ဆင်ခဲ့ကြတဲ့ အဖွဲ့သားတွေရဲ့ ကြိုးစားအားထုတ်မှုတွေက အထင်အရှားပါပဲ။

ဒါ့အပြင် အမြင့်မားဆုံး Performance (စွမ်းဆောင်ရည်) ကို ထုတ်ယူပြီး ပန်းတိုင်ဆီ တက်လှမ်းဖို့ တက်တက်ကြွကြွနဲ့ ကြိုတင်ပြင်ဆင်နေကြတဲ့ အားကစားသမားတွေရဲ့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကို ဓာတ်ပုံလေးတွေနဲ့အတူတူ ပြန်လည်ခံစားကြည့်လိုက်ရအောင်။

ပြေးနေရင်း ကိုယ့်ရဲ့ Performance ကို ထိန်းထားနိုင်ဖို့ သတိထားရမယ့် (၃) ချက်

ပြေးလမ်းပေါ်မှာ ကိုယ့်ရဲ့ Limit ကို ကျော်ဖြတ်ဖို့ ကြိုးစားတာ ကောင်းပေမယ့် ခန္ဓာကိုယ်ကပေးတဲ့ Warning Signs (သတိပေးလက္ခဏာ) တွေကိုတော့ လျစ်လျူမရှုသင့်ပါဘူး။ အထူးသဖြင့် အပူချိန်လွန်ကဲတဲ့ ရာသီဥတုတွေမှာ အောက်ပါအချက်တွေကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

  • ခေါင်းမူးပြီး အာရုံစိုက်ရခက်ခြင်း ဒါဟာ ခန္ဓာကိုယ်တွင်း ရေဓာတ်နဲ့ သကြားဓာတ် သိသိသာသာ လျော့နည်းသွားတဲ့ လက္ခဏာပါ။ ရေငတ်တဲ့အထိ မစောင့်ဘဲ တစ်နေ့တာလုံး ရေဓာတ်ဖြည့်တင်းထားဖို့နဲ့ လိုအပ်တဲ့အားအင်အတွက် Glucose ကို အမြန်ဆုံး ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။
  • နှလုံးခုန်နှုန်း ပုံမှန်ထက် အဆမတန် မြန်လာခြင်း အသက်ရှူမမှန်ဘဲ နှလုံးတုန်လာတာဟာ ခန္ဓာကိုယ် အပူလွန်ကဲခြင်း (Overheating) ကြောင့် ဖြစ်နိုင်ပါတယ်။ Pace ကို အတင်းတွန်းမပြေးဘဲ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို သေချာနားထောင်ပြီး အရှိန်လျှော့တာ ဒါမှမဟုတ် ခေတ္တအနားယူပေးပါ။
  • ကြွက်သားတုန်ခါခြင်း သို့မဟုတ် ထုံကျင်ခြင်း ချွေးနဲ့အတူ မရှိမဖြစ်ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားတဲ့အခါ ကြွက်တက်ခြင်းနဲ့ ကြွက်သားနာကျင်ခြင်းတွေ ဖြစ်လာတတ်ပါတယ်။

Royal-D: Your True Performance Partner

ဒီလိုစိန်ခေါ်မှုတွေကို ကာကွယ်ဖို့အတွက် Royal-D က သင့်ရဲ့ True Performance Partner အဖြစ် ရှိနေပေးမှာပါ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Glucose ကို စွမ်းအင်အဖြစ် အမြန်ဆုံးပြောင်းလဲပေးပြီး ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားတွေကို ချက်ချင်းဖြည့်တင်းပေးတဲ့အတွက် ကြွက်တက်ခြင်း (Muscle Cramps) ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

“ဘယ်လောက်ပဲ ခက်ခဲတဲ့ လမ်းကြောင်းဖြစ်ပါစေ… Royal-D က သင့်ရဲ့ Energy Replenishment (အားအင်ပြန်လည်ပြည့်ဖြိုးမှု) အတွက် အမြဲအသင့်ရှိနေမှာပါ။”

ရေသောက်ပေမယ့် ဘာလို့ ဆက်နုံးနေတာလဲ?

ရေအများကြီး သောက်နေပါလျက်နဲ့ ဆက်ပြီး နုံးချည့်ပင်ပန်းနေရတာဟာ ချွေးထွက်တဲ့အခါ ရေဓာတ်တင်မကဘဲ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ Sodium နဲ့ Potassium ဓာတ်တွေပါ အတူတူ ဆုံးရှုံးသွားလို့ ဖြစ်ပါတယ်။ ရိုးရိုးရေတစ်မျိုးတည်း သောက်ခြင်းက ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကို ပြန်မဖြည့်တင်းပေးနိုင်ပါဘူး။

Royal-D က သင့်ခန္ဓာကိုယ်ကို ဘယ်လိုအားဖြည့်ပေးမလဲ?

  • Sodium: ဆဲလ်အတွင်း ရေဓာတ်ကို ကြာရှည်ထိန်းညှိပေးပြီး ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးပါတယ်။
  • Potassium: ကြွက်သားတွေ နုံးချည့်ခြင်းနဲ့ ကြွက်တက်ခြင်း (Muscle Cramps) ဖြစ်ပေါ်မှုကို ထိရောက်စွာ လျှော့ချပေးပါတယ်။
  • Glucose: ‘Express Way’ ကဲ့သို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်နဲ့ စွမ်းအင်တွေကို ဆဲလ်များဆီ အမြန်ဆုံးရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။

ပူပြင်းတဲ့ နွေရာသီမှာ ချွေးထွက်များပြီး မောပန်းနုံးချည့်တဲ့အခါတိုင်း ရိုးရိုးရေထက် ပိုမိုထိရောက်တဲ့ Royal-D နဲ့ အားအင်အပြည့် ဖြည့်တင်းလိုက်ပါ။

ကြွက်သားတွေရဲ့ အချက်ပြစနစ် မှားယွင်းသွားတဲ့အခါ…

ပြေးနေရင်း ရေဓာတ်ပြည့်ဝနေပါလျက်နဲ့ ဘာကြောင့် ကြွက်တက် (Cramp) ရတာလဲ? အဓိကအကြောင်းရင်းကတော့ “Broken Signals” ကြောင့်ပါ။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကြောင့် သတ္တုဓာတ်တွေ ဆုံးရှုံးသွားတဲ့အခါ ရေချည်းပဲ သောက်သုံးခြင်းက ခန္ဓာကိုယ်တွင်း ဓာတ်ဆားပါဝင်မှုကို ပိုမိုလျော့နည်းစေပြီး ဦးနှောက်နဲ့ ကြွက်သားကြား အချက်ပြ ဆက်သွယ်မှုကို ချို့ယွင်းသွားစေပါတယ်။

Royal-D က သင့်ရဲ့ Performance ကို ဘယ်လိုထိန်းညှိပေးမလဲ?

  • Isotonic Formula: ရေဓာတ်နဲ့ မရှိမဖြစ် ဓာတ်ဆားဓာတ်တွေကို ဆဲလ်များအတွင်း အမြန်ဆုံး စုပ်ယူစေပါတယ်။
  • Sodium Balance: ဆဲလ်အတွင်း ရေဓာတ်အချိုးအစားကို မှန်ကန်စွာ ထိန်းညှိပေးပါတယ်။
  • Potassium Support: ကြွက်သားလုပ်ဆောင်ချက်တွေကို ပုံမှန်အတိုင်း လည်ပတ်စေပြီး ကြွက်တက်ခြင်းကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။

Royal-D နဲ့ဆိုရင်တော့ ကြွက်သားအချက်ပြစနစ် ဟန်ချက်မပျက်ဘဲ ပန်းတိုင်ဆီ အရှိန်အဟုန်မပျက် ဆက်လက်လှမ်းနိုင်ပါပြီ။