💧 “ဘာမဆိုရင်ဆိုင် 22 ဖြတ်သန်းကြမယ်” မန္တလေးတိုင်းဒေသကြီးရှိ ကိုဗစ်-၁၉ ကာကွယ်ကုသရေး နေရာများအတွက် ရွိုင်ရယ်-ဒီ (Royal-D) ၏ အထူးလှူဒါန်းမှုကမ်ပိန်း စတင်တိုးချဲ့

💧 “ဘာမဆိုရင်ဆိုင် 22 ဖြတ်သန်းကြမယ်”  မန္တလေးတိုင်းဒေသကြီးရှိ ကိုဗစ်-၁၉ ကာကွယ်ကုသရေး နေရာများအတွက် ရွိုင်ရယ်-ဒီ (Royal-D) ၏ အထူးလှူဒါန်းမှုကမ်ပိန်း စတင်တိုးချဲ့

ပြည်သူလူထုတစ်ရပ်လုံး ကပ်ရောဂါအကျပ်အတည်းကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ရေး

💚 ရှေ့တန်းမှ ကာကွယ်ကုသပေးနေသူများနှင့်အတူ လက်တွဲခြင်း ပြည်သူလူထုတစ်ရပ်လုံး ကပ်ရောဂါအကျပ်အတည်းကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ရွိုင်ရယ်ဒီ (Royal-D) မိသားစုသည် အများပြည်သူများနှင့်အတူ လက်တွဲကာ စဉ်ဆက်မပြတ် အားဖြည့်ပံ့ပိုးလျက် ရှိပါသည်။

ရွိုင်ရယ်ဒီ (Royal-D) ၏ “ဘာမဆိုရင်ဆိုင် 22 ဖြတ်သန်းကြမယ်” အထူးလှူဒါန်းမှု အစီအစဉ်ကြီးမှတဆင့် ရန်ကုန်မြို့ရှိ ကိုဗစ်၁၉ ကာကွယ်ကုသပေးနေသည့် နေရာဌာနများသို့ အောင်မြင်စွာ ကွင်းဆင်းလှူဒါန်းပေးခဲ့ပြီး ဖြစ်ပါသည်။

ယခုအခါ ၎င်းမွန်မြတ်လှသော ကုသိုလ်ရေးလုပ်ငန်းစဉ်များကို ပိုမိုကျယ်ပြန့်စွာ ကူညီပံ့ပိုးပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး သို့ပါ အားတက်သရော တိုးချဲ့ရောက်ရှိလို့ လာခဲ့ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

🤝 အလှူရှင်များ၏ မေတ္တာကို အပိုထပ်ဆောင်း ဖြည့်ဆည်းပေးခြင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်၁၉ ကာကွယ်တွန်းလှန်တိုက်ဖျက်နေကြသော ဆေးရုံများ၊ ကုသရေးစင်တာများနှင့် လိုအပ်သည့် မည်သည့်နေရာဌာနများအတွက်မဆို ရွိုင်ရယ်ဒီ (Royal-D) ဓာတ်ဆားဖျော်ရည်များ ဝယ်ယူလှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် မိတ်ဆွေတို့ ဝယ်ယူလှူဒါန်းမှု ပမာဏတိုင်းအတွက် ရွိုင်ရယ်ဒီ (Royal-D) မိသားစုဘက်မှ:

📈 (၂၂ % – ၂၂ ရာခိုင်နှုန်း) အပိုထပ်ဆောင်း ဖြည့်စွက်ကာ မေတ္တာဖြင့် အတူပါဝင် မျှကူလှူဒါန်းပေးသွားမည် ဖြစ်ပါသည်။

🚚 စိတ်အေးချမ်းသာစွာ လှူဒါန်းနိုင်ဖို့ အခမဲ့အရောက်ပို့ဆောင်ခြင်း အလှူရှင်များအနေဖြင့် လူကိုယ်တိုင် သွားရောက်ပို့ဆောင်ရန် အခက်အခဲမရှိစေဘဲ စိတ်အေးချမ်းသာစွာ ကုသိုလ်ယူနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မည်သည့် Covid-19 ကာကွယ်တိုက်ဖျက်ရေး နေရာဌာနကိုမဆို ရွိုင်ရယ်ဒီ အဖွဲ့သားများက အမြန်ဆုံး အထူးဝန်ဆောင်မှုဖြင့် လက်ဝယ်အရောက် စနစ်တကျ အခမဲ့ ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။

📞 ပါဝင်လှူဒါန်းလိုပါက ဆက်သွယ်ရန် “ဘာမဆိုရင်ဆိုင် ၂၂ ဖြတ်သန်းကြမယ်” ကမ်ပိန်းတွင် ပါဝင်လှူဒါန်းလိုပါက Royal-D Foundation ၏ ဖုန်းနံပါတ်များသို့ တိုက်ရိုက် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

  • 09-771250630
  • 09-420091123

ရွိုင်ရယ်ဒီ (Royal-D) အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့ အရေးကြုံလာသည့် အခြေအနေတိုင်းတွင် ရှေ့တန်းမှနေ၍ တစ်တပ်တစ်အား အမြဲအသင့် ပါဝင်ကူညီသွားမည် ဖြစ်ပါသည်။ မိဘပြည်သူ အလှူရှင်များအားလုံး ရွိုင်ရယ်ဒီနှင့်အတူ အခက်အခဲများကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ရင်း ကုသိုလ်များ အတူတကွ ရယူနိုင်ကြပါစေကြောင်း လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

🌟 “ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး”