ကျွန်ုပ်တို့ကုမ္ပဏီ
❝မြန်မာအိုအေစစ်ကုမ္ပဏီလီမိတက်❞ သည် ခေတ်အဆက်ဆက် စားသုံးသူများ၏ အစဉ်အလာကြီးမားသော အားပေးမှုကို ရရှိခဲ့သည့် “ရွိုင်ရယ်-ဒီ” တစ်ခါသောက်ဓာတ်ဆား(အ)မှုန့်ထုပ်များကို (၁၉၉၀) ခုနှစ်ကစ၍ မိတ်ဆက်ပေးခဲ့ပါသည်။ ခြွင်းချက်မရှိထိမိသည့် ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်၏ ရနံ့နှင့်အရသာကို လတ်ဆတ်စွာ ခံစားနိုင်စေရန်အတွက် လှပသေသပ်သည့် ဘူးပုံစံဖြင့် (၂၀၁၆) ခုနှစ်ကစတင်၍ ပြည်တွင်းတွင် ထုတ်လုပ်ခဲ့ပြီး နိုင်ငံတ၀ှမ်းက မိသားစုဝင်တိုင်း၏ နှစ်သက်မြတ်နိုးစွာ အားပေးမှုကို တခဲနက်ရရှိခဲ့ပါသည်။ စားသုံးသူတို့အတွက် ရွေးချယ်စရာ အရသာအသစ်ကို ထပ်မံဖြည့်ဆည်းပေးနိုင်မည့် ရွိုင်ရယ်-ဒီ စပျစ်အရသာ ဓာတ်ဆားအားဖြည့်ဖျော်ရည်ကို (၂၀၂၃) ခုနှစ်တွင် ထပ်မံမိတ်ဆက်ခဲ့ပါသည်။
ထို့အပြင် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်လိုသူတိုင်းနှင့် အားကစားသမားတိုင်းအတွက် ရေဓာတ်ဖြည့်တင်း ကျန်းမာခြင်းကိုပေးစွမ်းမည့် အပြာရောင်ဘူးဒီဇိုင်းနှင့် စွမ်းဆောင်ရည်မြှင့် အိုင်းယွန်းအမျိုးအစားများ ပိုလျှံစွာပိုပါဝင်သော ❝ဟိကာရီ အိုင်းယွန်းဖြည့်အချိုရည်❞ ကိုလည်း မြန်မာအိုအေစစ်ကုမ္ပဏီလီမိတက်က အသစ် ထပ်မံထုတ်လုပ်ထားပါသည်။
မြန်မာပြည်သူများအတွက် နှစ်ပေါင်း (၃၆) နှစ်တိုင် မှန်ကန်မြန်ဆန်သော အားပြည့်လန်းဆန်းမှုကို ပေးစွမ်းနိုင်ခြင်းသည်ပင် မြန်မာအိုအေစစ်ကုမ္ပဏီလီမိတက်၏ ဂုဏ်အယူရဆုံး မှတ်ကျောက်တိုင် ဖြစ်ပါသည်။
ရည်မှန်းချက်
မြန်မာနိုင်ငံရှိ လူတိုင်းအား လက်လှမ်းမီနိုင်၊ စိတ်ချရသော ရေဓာတ်ဖြည့်တင်းမှုကို ပေးအပ်ရန် — လူ့အသိုင်းအဝိုင်းတိုင်းတွင် နေ့စဉ်ကျန်းမာရေးနှင့် တက်ကြွသော ဘဝနေထိုင်မှုပုံစံများကို အထောက်အကူပြုသည့် ထုတ်ကုန်များကို ဖြန့်ဖြူးပေးရန်။
မျှော်မှန်းချက်
မြန်မာနိုင်ငံ၏ အယုံကြည်ရဆုံး အဖျော်ယမကာကုမ္ပဏီ ဖြစ်လာရန် — အရည်အသွေး၊ ကျန်းမာရေးနှင့် လူတို့၏ လုပ်ဆောင်မှုအားလုံးတွင် ရှင်သန်ထွန်းကားအောင် အထောက်အကူပြုသော စွမ်းအင်တို့နှင့် သီးခြားမခွဲခြားနိုင်သော အမှတ်တံဆိပ်တစ်ခု ဖြစ်ရန်။
တန်ဖိုး
ပါဝင်ပစ္စည်းတိုင်းတွင် ရိုးသားဖြောင့်မတ်မှု၊ ဖော်မြူလာတိုင်းတွင် ဆန်းသစ်တီထွင်မှု၊ နှင့် ကျွန်ုပ်တို့၏ စားသုံးသူများ၏ ကျန်းမာသုခအတွက် စစ်မှန်သော ဂရုစိုက်မှု — ဤအရာများသည် ကျွန်ုပ်တို့ လုပ်ဆောင်သမျှအားလုံးကို လမ်းညွှန်သော တန်ဖိုးများဖြစ်သည်။
Our Blogs
Recent News
Lorem ipsum dolor sit amet, consectetur
Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad...
အများပြည်သူ အားပြည့်လန်းဆန်းစေရန် ရွိုင်ရယ်-ဒီ ၏ ကြိုးပမ်းအားထုတ်မှု
နေ့စဉ်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဥတုသုံးပါးလုံးတွင် လှုပ်ရှားသွားလာနေကြသည့် လူမှုရပ်ဝန်းအသီးသီးက အများပြည်သူတို့ကို ရေနှင့်ဓာတ်ဆား မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ပြန်လည်ဖြည့်တင်းပေးနိုင်ရေးအတွက် ၂၀၂၀ ခုနှစ်ကစတင်ပြီး ၂၀၂၄ ခုနှစ်အထိ (၄) နှစ်တာကာလအတွင်း ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်နှင့် ရွိုင်ရယ်-ဒီ စပျစ်အရသာ ဓာတ်ဆားအားဖြည့်ဖျော်ရည် ဘူးပေါင်း (၇)...
မှန်ကန်မြန်ဆန်သောအားပြည့်လန်းဆန်းမှုနှင့်အတူ ရေနှင့်ဓာတ်ဆားဖြည့်တင်း ကျန်းမာခြင်း
ရေသောက်ခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော ရေနှင့်ဓာတ်ဆားများ မပြည့်စုံနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သန့်စင်ပြီးသားသောက်သုံးရေတွင် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော ဓာတ်ဆားများ ကုံလုံပြည့်ဝစွာ မပါဝင်နိုင်ခြင်းကြောင့်ဖြစ်သည်။ လိုအပ်သော ဓာတ်ဆား(သတ္တုဓာတ်)ချို့တဲ့နေသည့် လူ့ခန္ဓာကိုယ်သည်လည်း အားအင်ကုန်ခမ်း ညှိုးရော်ပင်ပန်းမှုကို မလွဲမသွေ ခံစားရမည်သာဖြစ်သည်။ ကျွန်ုပ်တို့ခန္ဓာကိုယ်သည် အချိန်နှင့်အမျှ...
FAQs
Frequently Asked Questions
Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, qnsequat.
ချွေးစက်များကို ရေနှင့်ဓာတ်ဆားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ချွေးထွက်ပိုများခြင်းသည်၊ ရေနှင့်ဓာတ်ဆား ပိုဆုံးရှုံးနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ချွေးထွက်များချိန်တိုင်းတွင် ဆုံးရှုံးသွားသည့် ရေနှင့်ဓာတ်ဆားများကို ပြန်လည်ဖြည့်တင်းပေးရန် အလွန်အရေးကြီးပါသည်။ သို့မဟုတ်ပါက ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်းနှင့် ကြွက်တက်ခြင်းတို့ကို ခံစားရနိုင်သည်။ တနေ့တာဆုံးရှုံးသွားသည့် ရေနှင့်ဓာတ်ဆားများကို မှန်ကန်မြန်ဆန်စွာ ပြန်လည်ဖြည့်တင်းရင်း အားပြည့်လန်းဆန်းမှုကို အမြဲခံစားနိုင်စေရန် “ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်” ကို သောက်သုံးပေးသင့်ပါသည်။
ရေနှင့်ဓာတ်ဆားများ လွန်ကဲစွာဆုံးရှုံးလာပါက ခန္ဓာကိုယ်အရည်စနစ် ခမ်းခြောက်လာမည်ဖြစ်သည်။ အချိန်မီ ပြန်လည်မဖြည့်တင်းပါက ချွေးမထုတ်ပေးနိုင်သည့်အခြေအနေကို ရောက်ရှိလာမည်။ ချွေးထွက်ခြင်းဖြစ်စဉ် ရပ်တန့်သွားမည်။ အပူမစွန့်ထုတ်နိုင်တော့သဖြင့် ကိုယ်တွင်းအပူချိန် (…) ဆ တိုးမြင့်တက်လာမည်။ နှုတ်ခမ်း၊ မျက်ခမ်းနှင့် အရေပြား ခြောက်ကပ်ခြင်း၊ သတိလစ်ခြင်း၊ မူးဝေခြင်း၊ ကိုယ်တွင်းအင်္ဂါများ ချို့ယွင်းထိခိုက်ပျက်စီးခြင်းနှင့် အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်ပါသည်။
အပူကြောင့်သတိလစ်ခြင်း Heat Stroke သည် မဖြစ်မီ ကြိုတင်ကာကွယ်ရမည့် ကျန်းမာရေးအန္တရာယ်ကြီးဖြစ်သည်။ ထို့ကြောင့် နွေနေပူကျဲ၊ ပြင်းထန်အပူချိန်နှင့် လုပ်ငန်းခွင်ထဲတွင်သာမက ကိုယ်လက်လှုပ်ရှား၊ ချွေးထွက်များတိုင်းမှာလည်း ရေနှင့်ဓာတ်ဆားများကို မမေ့မလျော့ ပြန်လည်ဖြည့်တင်းပေးရန် အရေးကြီးလှပါသည်။ တနေ့တာဆုံးရှုံးသွားသည့် ရေနှင့်ဓာတ်ဆားများကို မှန်ကန်မြန်ဆန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်ရန် “ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်” ကို နေ့စဉ်သောက်သုံးသင့်ပါသည်။
သောက်ရေသန့်တွင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သည့် ဓာတ်ဆားများ ပြည့်စုံလုံလောက်စွာ မပါဝင်နိုင်ပါ။ ထို့ကြောင့် ဆုံးရှုံးသွားသည့် ရေနှင့်ဓာတ်ဆားများကိုလည်း ပြည့်စုံလုံလောက်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်မည် မဟုတ်ပေ။ တနေ့တာကုန်ဆုံးသွားသည့် ရေနှင့်ဓာတ်ဆားများကို မှန်ကန်မြန်ဆန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်ရန် “ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်” ကို နေ့စဉ်ပုံမှန်သောက်သင့်ပါသည်။
အိုင်းယွန်း (ION) ဆိုသည်မှာ ရေတွင်ပျော်ဝင်နိုင်သည့် သတ္တုဓာတ်ဆားပင်ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးနှင့် အခြေခံအကျဆုံး အိုင်းယွန်း (ION) များမှာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်ဆီယမ်နှင့် ကလိုရိုက်ဒ် ဖြစ်သည်။ ၄င်းတို့သည် လျှပ်လိုက်ဂုဏ်သတ္တိရှိပြီး ခန္ဓာကိုယ်တွင်းလုပ်ဆောင်ချက်များ၊ ဇီဝကမ္မဖြစ်စဉ်များနှင့် စွမ်းအင်ထုတ်လုပ်ရေးအတွက် မရှိမဖြစ် အရေးကြီးလှသည်။ လူသားတို့၏ နေ့စဉ်အသက်ရှင်သန်ရေးအတွက် အသက်ဓာတ်ပင်ဖြစ်သည်။
လူ့ခန္ဓာကိုယ်၏ (၆၀%) သည် ရေနှင့်သတ္တုဓာတ်များဖြစ်သည်။ ရေဓာတ်ဟူ၍လည်း အများနားလည်လက်ခံထားသည်။ ခန္ဓာကိုယ်စွမ်းဆောင်ရည် မြင့်မားနေစေရန်အတွက် အိုင်းယွန်း (ION) များကို နေ့စဉ်ပုံမှန်ဖြည့်တင်းပေးရန် အရေးကြီးလှသည်။