Available Products

သီးစုံအရသာ

Royal-D (Ready to Drink Bottles)

သီးစုံအရသာ

စပျစ်အရသာ

Royal-D (Ready to Drink Bottles)

စပျစ်အရသာ

သီးစုံအရသာ

Royal-D (sachet)

သီးစုံအရသာ

စပျစ်အရသာ

Royal-D (sachet)

စပျစ်အရသာ

စတော်ဘယ်ရီအရသာ

Royal-D (sachet)

စတော်ဘယ်ရီအရသာ

Frequently Asked Questions

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, qnsequat.

ချွေးစက်များကို ရေနှင့်ဓာတ်ဆားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ချွေးထွက်ပိုများခြင်းသည်၊ ရေနှင့်ဓာတ်ဆား ပိုဆုံးရှုံးနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ချွေးထွက်များချိန်တိုင်းတွင် ဆုံးရှုံးသွားသည့် ရေနှင့်ဓာတ်ဆားများကို ပြန်လည်ဖြည့်တင်းပေးရန် အလွန်အရေးကြီးပါသည်။ သို့မဟုတ်ပါက ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်းနှင့် ကြွက်တက်ခြင်းတို့ကို ခံစားရနိုင်သည်။ တနေ့တာဆုံးရှုံးသွားသည့် ရေနှင့်ဓာတ်ဆားများကို မှန်ကန်မြန်ဆန်စွာ ပြန်လည်ဖြည့်တင်းရင်း အားပြည့်လန်းဆန်းမှုကို အမြဲခံစားနိုင်စေရန် “ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်” ကို သောက်သုံးပေးသင့်ပါသည်။

ရေနှင့်ဓာတ်ဆားများ လွန်ကဲစွာဆုံးရှုံးလာပါက ခန္ဓာကိုယ်အရည်စနစ် ခမ်းခြောက်လာမည်ဖြစ်သည်။ အချိန်မီ ပြန်လည်မဖြည့်တင်းပါက ချွေးမထုတ်ပေးနိုင်သည့်အခြေအနေကို ရောက်ရှိလာမည်။ ချွေးထွက်ခြင်းဖြစ်စဉ် ရပ်တန့်သွားမည်။ အပူမစွန့်ထုတ်နိုင်တော့သဖြင့် ကိုယ်တွင်းအပူချိန် (…) ဆ တိုးမြင့်တက်လာမည်။ နှုတ်ခမ်း၊ မျက်ခမ်းနှင့် အရေပြား ခြောက်ကပ်ခြင်း၊ သတိလစ်ခြင်း၊ မူးဝေခြင်း၊ ကိုယ်တွင်းအင်္ဂါများ ချို့ယွင်းထိခိုက်ပျက်စီးခြင်းနှင့် အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်ပါသည်။

အပူကြောင့်သတိလစ်ခြင်း Heat Stroke သည် မဖြစ်မီ ကြိုတင်ကာကွယ်ရမည့် ကျန်းမာရေးအန္တရာယ်ကြီးဖြစ်သည်။ ထို့ကြောင့် နွေနေပူကျဲ၊ ပြင်းထန်အပူချိန်နှင့် လုပ်ငန်းခွင်ထဲတွင်သာမက ကိုယ်လက်လှုပ်ရှား၊ ချွေးထွက်များတိုင်းမှာလည်း ရေနှင့်ဓာတ်ဆားများကို မမေ့မလျော့ ပြန်လည်ဖြည့်တင်းပေးရန် အရေးကြီးလှပါသည်။ တနေ့တာဆုံးရှုံးသွားသည့် ရေနှင့်ဓာတ်ဆားများကို မှန်ကန်မြန်ဆန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်ရန် “ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်” ကို နေ့စဉ်သောက်သုံးသင့်ပါသည်။

သောက်ရေသန့်တွင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သည့် ဓာတ်ဆားများ ပြည့်စုံလုံလောက်စွာ မပါဝင်နိုင်ပါ။ ထို့ကြောင့် ဆုံးရှုံးသွားသည့် ရေနှင့်ဓာတ်ဆားများကိုလည်း ပြည့်စုံလုံလောက်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်မည် မဟုတ်ပေ။ တနေ့တာကုန်ဆုံးသွားသည့် ရေနှင့်ဓာတ်ဆားများကို မှန်ကန်မြန်ဆန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်ရန် “ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်” ကို နေ့စဉ်ပုံမှန်သောက်သင့်ပါသည်။

နှစ်သက်ဖွယ် ရနံ့အရသာ၊  ရွေးချယ်စရာများစွာနှင့်အတူ ခေတ်အဆက်ဆက် စားသုံးသူတို့၏ အစဉ်အလာကြီးမားသော အားပေးမှုကို ရရှိခဲ့သည့် “ရွိုင်ရယ်-ဒီ” တစ်ခါသောက်ဓာတ်ဆား(အ)မှုန့်ထုပ်များကို တင်သွင်းဖြန့်ချိခဲ့သည်။ ထို့နောက် မိသားစုတိုင်း နှစ်သက်မြတ်နိုးစွာ အစဉ်တစိုက်အားပေးမှုကို ရရှိထားတဲ့ ခြွင်းချက်မရှိထိမိသည့် ရနံ့အရသာ၊ အသင့်သောက်ဘူးပုံစံနှင့် ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်ဘူးများကို နိုင်ငံတကာစံချိန်စံညွှန်းမီစွာ စတင်ထုတ်လုပ်ခဲ့သည်။

ရွေးချယ်စရာအသစ် ရွိုင်ရယ်-ဒီ စပျစ်အရသာ ဓာတ်ဆားအားဖြည့်ဖျော်ရည်ဘူးများကို မူလအရည်အသွေးအတိုင်း ထုတ်လုပ်ရောင်းချလျက်ရှိသည်။

လူ့ခန္ဓာကိုယ်သည် အချိန်ရာသီမရွေး ချွေးထွက်နေသည်။ နည်းခြင်း၊ များခြင်းသာ ကွာခြားပါသည်။ ထို့ကြောင့် သင့်ခန္ဓာကိုယ်တွင်လည်း ရေနှင့်ဓာတ်ဆားများ အချိန်နှင့်အမျှဆုံးရှုံးနေသည်ကို သတိပြုသင့်သည်။ ချွေးထွက်များပင်ပန်းလှသည့် တနေ့တာအတွင်း ဆုံးရှုံးသွားသည့် ရေနှင့်ဓာတ်ဆားဓာတ်များကို မှန်ကန်မြန်ဆန်စွာ ပြန်လည်ဖြည့်တင်းရန်နှင့် အားပြည့်လန်းဆန်းမှုကို နေ့ရက်တိုင်းတွင် ခံစားနိုင်စေရန် “ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်” ကို နေ့စဉ်သောက်သင့်ပါသည်။

မနက်ခင်းမီးဖိုချောင်မှသည် ညနေရီမှောင်သည်အထိ ဇယ်ဆက်မနား ချွေးထွက်များပင်ပန်းရသည်မှာ အိမ်ထောင်ရှင်မေမေများပင် ဖြစ်သည်။ နိစ္စဓူဝအိမ်မှုကိစ္စနှင့် မိသားစုတာဝန်အကြား အားပြည့်လန်းဆန်းနေစေရန်နှင့် မိသားတစ်စုလုံးကို မှန်ကန်မြန်ဆန်စွာ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်စေရန်၊ မေမေတိုင်းအတွက် အကောင်းဆုံး ရွေးချယ်စရာအဖြစ် “ရွိုင်ရယ်-ဒီ” ရှိနေပါသည်။

“ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်” ကို နိုင်ငံတဝန်းရှိ ဈေးဝယ်စင်တာနှင့် စူပါမားကတ်များ၊ နီးစပ်ရာ ကုန်စုံဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ပါသည်။

မှန်ကန်မြန်ဆန်သည့် အားပြည့်လန်းဆန်းမှုနှင့်အတူ တစ်နေ့တာကုန်ဆုံးသွားသည့် ရေနှင့်ဓာတ်ဆားဓာတ်များကို ပြန်လည်ဖြည့်တင်းပေးမည့် “ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားဖျော်ရည်” ကို ကိုယ်လက်လှုပ်ရှား၊ ချွေးထွက်များ၍ ပင်ပန်းနေသူများ၊ နေပူကျဲတဲတွင် သွားလာလုပ်ကိုင်နေသူများ၊ ပြန်လည်လန်းဆန်းအားပြည့်လိုသူများနှင့် မိသားစုဝင်တိုင်း ရေနှင့်ဓာတ်ဆားဓာတ်များကို ပြန်လည်ဖြည့်တင်းပေးရန် သောက်သုံးသင့်ပါသည်။

ပူပြင်းသည့်နွေရာသီတွင်သာမက မိုးတွင်းနှင့်ဆောင်းကာလမရွေး၊ ဥတုသုံးပါးစလုံးတွင်လည်း ချွေးထွက်များနေတတ်ပါသည်။ ထို့ကြောင့် နေပူပူ မိုးရွာရွာ၊ ချွေးထွက်များမှန်းမသိသာသည့် ဆောင်းကာလမှာပါ မှန်ကန်မြန်ဆန်သော အားပြည့်လန်းဆန်းမှုကို ခံစားနိုင်စေရန်အတွက် “ရွိုင်ရယ်-ဒီ” ကို သောက်သုံးသင့်ပါသည်။

တလွှားလွှားပြေး၊ တလွေ့လွေ့ခုန်၍ အားရအောင်ဆော့တတ်ကြသည်မှာ ကလေးတို့သဘာဝဖြစ်သည်။ သို့သော် ချွေးထွက်များပင်ပန်းခြင်းကို နားမလည်သေးသလို၊ နှုတ်မှလည်း ထုတ်ပြောတတ်ဦးမည်မဟုတ်ပါ။ မိဘများကပင် အရိပ်တကြည့်ကြည့်နှင့် ဂရုစိုက်ကာ ရေနှင့်ဓာတ်ဆားများ ပြန်လည်ဖြည့်တင်းပေးရပါမည်။ အသက် (၃) နှစ်အထက် ကလေးများအတွက် မှန်ကန်မြန်ဆန်သည့် အားပြည့်လန်းဆန်းမှုကို ပေးစွမ်းရန်အတွက် “ရွိုင်ရယ်-ဒီ” ကို ရွေးချယ်တိုက်ကျွေးနိုင်ပါသည်။

ဈေးဆိုင်စာရင်း
ပြည်နယ် / တိုင်း: အားလုံး မြို့ / မြို့နယ်: အားလုံး
ပြည်နယ် / တိုင်း မြို့ / မြို့နယ် ဖုန်းနံပါတ်