လူနေမှုဘဝတိုင်းအတွက်
အကောင်းဆုံးထုတ်ကုန်များ

နေ့စဉ်ဘဝရဲ့ မတူညီတဲ့ လိုအပ်ချက်တိုင်းအတွက် Royal-D နဲ့ Hikari တို့က လျင်မြန်စွာ ရေဓာတ်ဖြည့်တင်း လန်းဆန်းစေပြီး Regen-D ဖြင့် အားအင်များကို ချက်ချင်း ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ လူတိုင်း နေ့စဉ်ဘဝမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ဖော်ထုတ်နိုင်ဖို့အတွက် ကျွန်ုပ်တို့ရဲ့ ထုတ်ကုန်များကို အထူးဖန်တီး ထုတ်လုပ်ထားပါတယ်။

ကျွန်ုပ်တို့အကြောင်း

(၁၉၉၀) ပြည့်နှစ်မှစတင်၍ လူထုယုံကြည်အားကိုးရသော ထုတ်ကုန်များကို ထုတ်လုပ်ဖန်တီးပေးလျက်ရှိပါသည်

မြန်မာအိုအေစစ် ကုမ္ပဏီ လီမိတက်သည် ဆယ်စုနှစ် (၃) ခုကျော်တိုင် စားသုံးသူများ၏ ပြောင်းလဲလာသော လိုအပ်ချက်များနှင့် ညီညွတ်မည့် ထုတ်ကုန်များကို အစဉ်တစိုက် အလေးထား ထုတ်လုပ်ခဲ့ပါသည်။ အခြေခံ ဓာတ်ဆားရည် ထုတ်ကုန်များမှစတင်၍ စွမ်းအင်ဖြည့် အချိုရည်များအထိ တီထွင်ထုတ်လုပ်ရာတွင် အရည်အသွေး၊ သိပ္ပံနည်းကျ ထုတ်လုပ်မှုနှင့် စားသုံးသူတို့၏ ယုံကြည်မှုများကို အဓိကထား၍ စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်လျက် ရှိပါသည်။

ယနေ့အချိန်ထိ ကျွန်ုပ်တို့၏ ထုတ်ကုန်များဖြစ်သော Royal-D၊ Hikari နှင့် Regen-D တို့သည် နေ့စဉ်ဘဝ၏ မတူညီသော အခိုက်အတန့်တိုင်းအတွက် မျိုးဆက်ပေါင်းများစွာသော စားသုံးသူများ ယုံကြည်အားကိုးခဲ့သည့် အရည်အသွေးအတိုင်း ထုတ်လုပ်ဖန်တီးပေးလျက်ရှိပါသည်။

ဆောင်းပါးများ

သတင်းနှင့် အထူးကဏ္ဍ

🤝 Supporting Earthquake Relief Together

🤝 Supporting Earthquake Relief Together

ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ရွိုင်ရယ်-ဒီ (Royal-D) ၏ စုပေါင်းအားဖြည့်ဖေးမမှု

💚 ဝိုင်းဝန်းမျှကူတို့အတူဖြင့် ဘေးဒဏ်သင့်ဒေသများကို ဖေးမခြင်း 2025 ခုနှစ် ငလျင်ဘေးဒဏ်သင့်ခဲ့ရတဲ့ အရပ်ဒေသအသီးသီးက အများပြည်သူတို့အတွက် ရွိုင်ရယ်-ဒီကနေ ဝိုင်းဝန်းမျှကူတို့အတူ အစီအစဉ်အဖြစ်:

☀️ “အပူဒဏ်အံတုရေး ရက်သတ္တပတ်” – နိုင်ငံအနှံ့ရှိ အဖွဲ့အစည်းပေါင်း (၄၇၁) ခုသို့ တစ်ပတ်အတွင်း ရွိုင်ရယ်-ဒီ (Royal-D) ဘူးပေါင်း (၁၇၀,၀၀၀) ကူညီပံ့ပိုးခြင်း

☀️ “အပူဒဏ်အံတုရေး ရက်သတ္တပတ်” – နိုင်ငံအနှံ့ရှိ အဖွဲ့အစည်းပေါင်း (၄၇၁) ခုသို့ တစ်ပတ်အတွင်း ရွိုင်ရယ်-ဒီ (Royal-D) ဘူးပေါင်း (၁၇၀,၀၀၀) ကူညီပံ့ပိုးခြင်း

အပူရှိန်ပြင်းထန်ချိန်တွင် ရှေ့တန်းမှ ရုန်းကန်နေရသည့် သူရဲကောင်းများနှင့် မိဘပြည်သူများကို ခွန်အားဖြည့်ပေးခြင်း

💪 ပင်ပန်းနွမ်းနယ်မှုများကို အတူတကွ ကျော်ဖြတ်ခြင်း ရွိုင်ရယ်-ဒီ (Royal-D) မိသားစုသည် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်မှုများကို အချိန်မီ ပြေပျောက်စေရန် ရည်ရွယ်၍ မေလ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကာလကို အပူဒဏ်အံတုရေး ရက်သတ္တပတ် အဖြစ် သတ်မှတ်ခဲ့ပါသည်။

🌕 ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် တစ်နိုင်ငံလုံးရှိ ထင်ရှားသော စေတီပုထိုးကြီးများ၌ ရွိုင်ရယ်-ဒီ (Royal-D) ဘူးပေါင်း (၁၀၀,၀၀၀) တိတိ “ကုသိုလ်ချိန်ခါ” ကာလဒါနလှူဒါန်းပေးခဲ့ပါသည်

🌕 ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် တစ်နိုင်ငံလုံးရှိ ထင်ရှားသော စေတီပုထိုးကြီးများ၌ ရွိုင်ရယ်-ဒီ (Royal-D) ဘူးပေါင်း (၁၀၀,၀၀၀) တိတိ “ကုသိုလ်ချိန်ခါ” ကာလဒါနလှူဒါန်းပေးခဲ့ပါသည်

ကြည်နူးချမ်းမြေ့ဖွယ်ရာ သီတင်းကျွတ်အခါသမယတွင် ဘုရားဖူးပြည်သူများအား ရေဓာတ်ဖြည့်တင်းလှူဒါန်းခြင်း

🙏 ကုသိုလ်ချိန်ခါအထူးကာလဒါန ကုသိုလ်မွန် မြန်မာတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် တစ်နိုင်ငံလုံးရှိ မိဘပြည်သူများသည် စေတီပုထိုးများသို့ သွားရောက်၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြကာ ကြည်နူးချမ်းမြေ့ဖွယ်ရာ ဆင်နွှဲလေ့ရှိကြပါသည်။

မကြာခဏမေးလေ့ရှိသော မေးခွန်းများ

ရေဓာတ်ပြည့်ဝမှု၊ ဓာတ်ဆားဓာတ်များ၊ စွမ်းအင်ဖြည့်တင်းမှု သို့မဟုတ် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ပတ်သက်၍ သိရှိလိုသည်များ ရှိပါသလား? လူသိများပြီး မကြာခဏ မေးလေ့ရှိသော မေးခွန်းများနှင့် အဖြေများကို အောက်တွင် လေ့လာကြည့်ရှုနိုင်ပါသည်။

Royal-D ဓာတ်ဆားရည်ဆိုတာ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်း၊ ချွေးထွက်ခြင်း သို့မဟုတ် ပူပြင်းတဲ့ရာသီဥတုကြောင့် ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ လိုအပ်တဲ့ သတ္တုဓာတ် (ဓာတ်ဆားဓာတ်) တွေကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ ထုတ်လုပ်ထားတဲ့ စွမ်းအင်ဖြည့်ဓာတ်ဆားရည် ဖြစ်ပါတယ်။

ရေဓာတ်ပြည့်ဝနေခြင်းက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးခြင်း၊ အဆစ်အမြစ်များ ချောမွေ့စေခြင်း၊ ဆဲလ်များဆီသို့ အာဟာရဓာတ်များ ပို့ဆောင်ပေးခြင်းနှင့် ကိုယ်တွင်းအင်္ဂါများကို ကောင်းမွန်စွာ လည်ပတ်စေခြင်းတို့အတွက် အလွန်အရေးကြီးပါတယ်။ ဒါ့အပြင် အိပ်စက်ခြင်းကို ကောင်းမွန်စေပြီး ဦးနှောက်လုပ်ဆောင်ရည်နဲ့ စိတ်ခံစားမှုကိုလည်း တက်ကြွလန်းဆန်းစေပါတယ်။

သာမန် အချိုရည်တွေနဲ့မတူဘဲ Royal-D မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ဆားဓာတ် (ဆိုဒီယမ်၊ ပိုတက်စီယမ်) နဲ့ ဂလူးကို့စ်တို့ကို သိပ္ပံနည်းကျ စနစ်တကျ ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။ ဒါကြောင့် ရေဓာတ်ကို ခန္ဓာကိုယ်က ပိုမိုမြန်ဆန်စွာ စုပ်ယူနိုင်စေပြီး မောပန်းနွမ်းနယ်မှုကို ချက်ချင်းပြေပျောက်ကာ အားအင်အပြည့် ပြန်လည်ရရှိစေပါတယ်။

  • အားကစားပြင်းပြင်းထန်ထန်လုပ်လို့ ချွေးထွက်များတာ၊ အားအင်ကုန်ခမ်းပြီး ရေဓာတ်ခမ်းခြောက်တာတွေအတွက်ဆိုရင် Royal-D ကို ရွေးချယ်ပါ။
  • ရုံးလုပ်ငန်းလုပ်ကိုင်သူများ၊ နေ့စဉ်ပေါ့ပေါ့ပါးပါး ရေဓာတ်ဖြည့်တင်းချင်သူများနှင့် အမြဲလန်းဆန်းနေချင်သူများအတွက် Hikari Ion Supply ကို ရွေးချယ်ပါ။
  • အလုပ်လုပ်ချိန်၊ စာကြည့်ချိန် ဒါမှမဟုတ် ခရီးဝေးမောင်းနှင်ချိန်တွေမှာ အားအင်ချက်ချင်းတက်ကြွပြီး အာရုံစူးစိုက်မှု ကောင်းချင်တယ်ဆိုရင်တော့ Regen-D ကို ရွေးချယ်နိုင်ပါတယ်။

Regen-D ဆိုတာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ချက်ချင်း အားအင်တက်ကြွစေပြီး ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေဖို့ အထူးထုတ်လုပ်ထားတဲ့ ပရီမီယံ စွမ်းအင်ဖြည့်အချိုရည် ဖြစ်ပါတယ်။ ပြင်းထန်တဲ့ အလုပ်လုပ်ချိန်၊ စာကျက်ချိန် ဒါမှမဟုတ် လှုပ်ရှားမှုတွေမှာ အာရုံစူးစိုက်မှု ပိုကောင်းပြီး အမြဲတမ်းတက်ကြွနေစေဖို့ ကူညီပေးပါတယ်။

ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်က ရေဓာတ် ဆုံးရှုံးသွားတာတင်မဟုတ်ဘဲ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ဆားဓာတ်တွေဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်စီယမ်နဲ့ ကလိုရိုက်ဒ် စတာတွေပါ အတူတူ ဆုံးရှုံးသွားပါတယ်။ ဒီလိုဓာတ်ဆားတွေ အလွန်အမင်းဆုံးရှုံးသွားရင် ရေဓာတ်ခမ်းခြောက်ခြင်း၊ ကြွက်တက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းနဲ့ ခေါင်းမူးခြင်းတွေကို ခံစားရစေနိုင်ပါတယ်။

Hikari Ion Supply Drink ဆိုတာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အိုင်းယွန်း (Ions) ဓာတ်နဲ့ ရေဓာတ်ကို အမြန်ဆုံးပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ အထူးထုတ်လုပ်ထားတဲ့ သောက်သုံးရန်အဆင်သင့် အိုင်ယွန်းဖြည့်အချိုရည် ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်းရှိ အရည်ဓာတ်နဲ့ စုပ်ယူမှုနှုန်းချင်း တူညီအောင် ဖန်တီးထားတာမို့ နေ့စဉ်ဘဝမှာ အမြဲတမ်းလန်းဆန်းနေစေဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။

သာမန်နေ့စဉ်လှုပ်ရှားမှုတွေအတွက် ရေရိုးရိုးသောက်ရုံနဲ့ လုံလောက်ပေမယ့် အားကစားပြင်းထန်စွာလုပ်ခြင်း၊ ချွေးထွက်လွန်ခြင်း သို့မဟုတ် နေမကောင်းဖြစ်ခြင်းတို့ ကြုံတွေ့ရတဲ့အခါ ရေတင်မကဘဲ ဓာတ်ဆားဓာတ်တွေပါ ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။ ရေရိုးရိုးသောက်ရုံနဲ့ ဆုံးရှုံးသွားတဲ့ သတ္တုဓာတ်တွေကို အမြန်ဆုံးပြန်မဖြည့်တင်းနိုင်တဲ့အတွက် အဲဒီလိုအချိန်မျိုးမှာ ဓာတ်ဆားရည် သောက်ပေးဖို့ လိုအပ်ပါတယ်။

Electrolytes ဆိုတာ ခန္ဓာကိုယ်အတွင်း လျှပ်စစ်စီးဆင်းမှုကို ကူညီပေးတဲ့ မရှိမဖြစ် သတ္တုဓာတ်များ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ခန္ဓာကိုယ်တွင်း အရည်ဓာတ်မျှတမှုကို ထိန်းညှိပေးခြင်း၊ အာရုံကြောနှင့် ကြွက်သားလုပ်ဆောင်ချက်များကို ကောင်းမွန်စေခြင်း၊ သွေးဖိအားကို ထိန်းညှိပေးခြင်းနှင့် ဆဲလ်များရဲ့ ကျန်းမာရေးကို ထောက်ပံ့ပေးခြင်းတို့အတွက် အထူးအရေးကြီးပါတယ်။