🩸 အမွန်မြတ်ဆုံးဒါနအဖြစ် သွေးလှူကြတဲ့ စေတနာရှင်တွေ အားပြန်ဖြည့်ဖို့အတွက် Royal-D က အမြဲပါဝင်အားဖြည့်ပေးလေ့ရှိပါတယ်

အသက်ပေါင်းများစွာကို ကယ်တင်ပေးနေကြသည့် အဖိုးတန်သွေးလှူရှင်များအား ဂုဏ်ပြုအားဖြည့်ခြင်း

❤️ အဖိုးတန်မေတ္တာရှင်များ၏ သွေးလှူဒါန်းမှုကို ဂုဏ်ပြုခြင်း အမွန်မြတ်ဆုံးဒါနအဖြစ် သွေးလှူကြတဲ့ စေတနာရှင်တွေ အားပြန်ဖြည့်ဖို့အတွက် ရွိုင်ရယ်ဒီ (Royal-D) က အမြဲပါဝင်အားဖြည့်ပေးလေ့ရှိပါတယ်။

အခုလည်း World Blood Donor Day အထိမ်းအမှတ်အနေဖြင့် သင့်သွေးဖြင့် အသက်များစွာ ကယ်တင်ပေးနိုင်မယ့်၊ မျှော်လင့်ချက်များစွာကို အသက်ဝင်စေခဲ့သည့် အဖိုးတန်မေတ္တာတစ်ခုဖြစ်သော သွေးလှူဒါန်းကြသည့် သွေးလှူရှင်များအတွက်:

🥤 ခန္ဓာကိုယ်တွင်း ရေဓာတ်နှင့် ဓာတ်ဆားဓာတ်ကို အမြန်ဆုံး ဖြည့်တင်းပေးခြင်း သွေးလှူရှင်များ သွေးလှူဒါန်းပြီးချိန်တွင် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော ရေဓာတ်နှင့် အာဟာရဓာတ်များကို ကောင်းမွန်မှန်ကန်စွာဖြင့် လျင်မြန်စွာ ပြန်လည်ရရှိနိုင်စေရန်

📈 ရွိုင်ရယ်ဒီ သီးစုံဓာတ်ဆား အားဖြည့်ဖျော်ရည်ဘူးပေါင်းများစွာ ကို မေတ္တာဖြင့် ဝန်းရံအားဖြည့် ပေးအပ်လှူဒါန်းခဲ့ပါသည်။

💚 လိုအပ်သည့်နေရာတိုင်းတွင် အမြဲရှိနေမည့် ရွိုင်ရယ်ဒီ ရွိုင်ရယ်ဒီ (Royal-D) အနေဖြင့် နောင်တွင်လည်း ယခုကဲ့သို့ မွန်မြတ်လှသော ကူညီပံ့ပိုးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ နောက်ထပ်လည်း လိုအပ်တဲ့နေရာတိုင်းမှာ ရွိုင်ရယ်ဒီရဲ့ အားဖြည့်အာဟာရမေတ္တာတွေ ဆက်လက်ဝေမျှပေးနေဦးမှာ ဖြစ်ပါတယ်။

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး

🤝 Supporting Earthquake Relief Together

ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ရွိုင်ရယ်-ဒီ (Royal-D) ၏ စုပေါင်းအားဖြည့်ဖေးမမှု

💚 ဝိုင်းဝန်းမျှကူတို့အတူဖြင့် ဘေးဒဏ်သင့်ဒေသများကို ဖေးမခြင်း 2025 ခုနှစ် ငလျင်ဘေးဒဏ်သင့်ခဲ့ရတဲ့ အရပ်ဒေသအသီးသီးက အများပြည်သူတို့အတွက် ရွိုင်ရယ်-ဒီကနေ ဝိုင်းဝန်းမျှကူတို့အတူ အစီအစဉ်အဖြစ်:

📈 ရွိုင်ရယ်ဒီဘူးပေါင်း ၅၀၀,၀၀၀ (ငါးသိန်း) ကျော် ကို လူမှုအဖွဲ့အစည်းတွေ၊ ဆေးရုံတွေနဲ့ အရေးပေါ်လိုအပ်တဲ့နေရာတွေသို့ အရောက်သွားရောက်ကာ ပါဝင်အားဖြည့် ပံ့ပိုးပေးခဲ့ပါတယ်။

🙌 ဝယ်ယူမှုတိုင်းအတွက် ၂၅% ထပ်ဆောင်း ပါဝင်လှူဒါန်းပေးခြင်း ငလျင်ဒဏ်သင့်ဒေသ လူမှုကယ်ဆယ်ရေးတွေအတွက် ပူးပေါင်းပါဝင်ပြီး အများပြည်သူတို့ကို မျှကူ လှူဒါန်းဖို့ ရွိုင်ရယ်-ဒီ ဓာတ်ဆားအားဖြည့်အချိုရည်ဘူးတွေကို ယုံယုံကြည်ကြည် ဝယ်ယူအားပေးခဲ့ကြတဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ အနုပညာရှင်များကို အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။

အလှူရှင်များ၏ မွန်မြတ်လှသော စေတနာကို ပိုမိုအားဖြည့်ပေးနိုင်ရန်အတွက်:

ဝယ်ယူမှုတိုင်း၏ ၂၅ ရာခိုင်နှုန်း (၂၅%) ကို ရွိုင်ရယ်-ဒီ (Royal-D) ကနေ အပိုထပ်ဆောင်း ဖြည့်စွက်ကာ အတူတကွ ပူးပေါင်းပံ့ပိုး လှူဒါန်းပေးခဲ့ပါသည်။

🇲🇲 ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အစဉ်အမြဲ အတူရှိနေမည့် ရွိုင်ရယ်ဒီ အခုလို အများပြည်သူတို့ လိုအပ်နေချိန်မှာ အတူတကွ ပူးပေါင်းပါဝင်ခွင့်ရခဲ့တဲ့အတွက် ရွိုင်ရယ်-ဒီ မိသားစုအနေနဲ့ များစွာဝမ်းမြောက်ကျေးဇူးတင်ရှိမိပါတယ်။

နောင်အနာဂတ်ကာလတွေမှာလည်း ဝိုင်းဝန်းမျှကူ တို့အတူ ဆိုတဲ့ ခံယူချက်အတိုင်း မိဘပြည်သူတို့နဲ့အတူ တစ်သားတည်း ရပ်တည်ကာ လိုအပ်သည့်နေရာတိုင်းတွင် အမြဲတစေ ဆက်လက်ပူးပေါင်း ပံ့ပိုးကူညီသွားဦးမည် ဖြစ်ပါသည်။

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး

💦 အပူဒဏ်ကာကွယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ရွိုင်ရယ်-ဒီ ကနေ နှစ်သစ်ကူး နှစ်ဦးအလှူ

နှစ်သစ်ဦးအခါသမယတွင် တစ်နိုင်ငံလုံးရှိ ဘုရားဖူးမိဘပြည်သူများအား ရေဓာတ်ဖြည့်တင်းလှူဒါန်းခြင်း

☀️ နှစ်ဆန်းတစ်ရက်နေ့၏ အေးမြသော ကုသိုလ်မွန် အပူဒဏ်ကာကွယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ရွိုင်ရယ်ဒီ ကနေ နှစ်သစ်ကူး နှစ်ဦးအလှူအဖြစ် မြန်မာတို့ရဲ့နေ့ထူးနေ့မြတ် နှစ်ဆန်း () ရက် (၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်၊ သောကြာနေ့) မှာ:

📈 ရွိုင်ရယ်ဒီ ဘူးပေါင်း တစ်သိန်း (၁၀၀,၀၀၀) တိတိကို နိုင်ငံအနှံ့ အားဖြည့်အာဟာရမေတ္တာအဖြစ် သဒ္ဓါတရားထက်သန်စွာ စုပေါင်းမျှဝေခဲ့ပါတယ်။

📍 ကွင်းဆင်းမျှဝေခဲ့ကြသည့် တစ်နိုင်ငံလုံးရှိ စေတီပုထိုးတော်ကြီးများ ရွိုင်ရယ်ဒီ (Royal-D) အဖွဲ့သားများသည် အပူရှိန်ပြင်းထန်သော ဧပြီလအတွင်း ဘုရားဖူးလာသူများ အမောပြေစေရန် အောက်ပါ အထင်ကရ စေတီပုထိုးတော်ကြီးများတွင် သွားရောက်လှူဒါန်းခဲ့ကြပါသည်

  • 🏙️ ရန်ကုန်တိုင်းဒေသကြီး: ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ဗိုလ်တထောင်စေတီတော်မြတ်ကြီး၊ ကမ္ဘာအေးစေတီတော်မြတ်ကြီး၊ ပတ္တမြားစေတီတော်မြတ်ကြီး၊ ကျောက်တော်ကြီးဘုရားကြီး၊ မယ်လမုစေတီတော်မြတ်ကြီး၊ သာဓုကန်စေတီတော်မြတ်ကြီး၊ ကျိူက္ကဆံစေတီတော်မြတ်ကြီး၊ ကျောက်တန်းရေလည်စေတီတော်မြတ်ကြီး
  • 🏯 မန္တလေးတိုင်းဒေသကြီး: မဟာမြတ်မုနိဘုရားကြီး၊ ကုသိုလ်တော်ဘုရားကြီး
  • ⛰️ မကွေးတိုင်းဒေသကြီး: မြသလွန်စေတီတော်မြတ်ကြီး၊ ရွှေအင်းတောင်စေတီတော်မြတ်ကြီး
  • 🏯 ပဲခူးတိုင်းဒေသကြီး: ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး

🤍 ကိုယ်စိတ်နှစ်ပါး အားပြည့်လန်းဆန်းစေသည့် ကြည်နူးပီတိ ဘုရားဖူးလာ ရဟန်း သံဃာ မိဘ ဘိုးဘွား လူကြီး လူငယ်အားလုံး ရွိုင်ရယ်ဒီ အေးအေးလေးတွေသောက်ရင်း ရေနဲ့ဓာတ်ဆားဓာတ် မှန်ကန်မြန်ဆန်စွာ ဖြည့်တင်းပြီး အားပြည့်လန်းဆန်းသွားကြလို့ ကြည်နူးပီတိဖြစ်ရပါတယ်။

ရွိုင်ရယ်ဒီအနေနဲ့လည်း အပူဒဏ်ကာကွယ်ရေးရက်သတ္တပတ်အဖြစ် အားဖြည့်အာဟာရ မေတ္တာဝေမျှခြင်းတွေကို လိုအပ်တဲ့နေရာတိုင်းမှာ အစဉ်တစိုက် ဆက်လက်လုပ်ဆောင်ပေးသွားဦးမှာ ဖြစ်ပါတယ်။

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာအကောင်းဆုံး

💝 “အမေများနေ့” အထိမ်းအမှတ်။ ရန်ကုန်တိုင်းရှိ မိဘမဲ့ကျောင်း (၁၃) ကျောင်းမှ ကလေးငယ်များအတွက် ရွိုင်ရယ်-ဒီ (Royal-D) မှ မေတ္တာဖြင့် အားဖြည့်လှူဒါန်း

အေးမြလန်းဆန်းလှသည့် မိခင်မေတ္တာဓာတ်ကို မျှဝေခြင်းနှင့် ကလေးငယ်များအား ဖေးမကူညီခြင်း

👩‍👧‍👦 မေတ္တာဓာတ်ဖြင့် အနာဂတ်ရင်သွေးငယ်များကို ဖေးမကူညီခြင်း ရွိုင်ရယ်-ဒီ (Royal-D) မိသားစုအနေဖြင့် ယနေ့ကျရောက်လာသော အမေများနေ့ (Mother’s Day)” တွင် အေးမြလန်းဆန်းလှသည့် မိခင်မေတ္တာဓာတ်ကို အားလုံးနှင့်အတူ မျှဝေခံစားနိုင်ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် မိဘများနှင့်အတူ မရှိနိုင်ကြရှာသည့် ကလေးငယ်များ၏ အနာဂတ်ကို ဖေးမကူညီနိုင်ရန်အတွက် အထူးလှူဒါန်းမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။

📍 ရန်ကုန်တိုင်းရှိ မိဘမဲ့ကျောင်း (၁၃) ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း ယခု အမေများနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ရွိုင်ရယ်-ဒီ (Royal-D) အဖွဲ့သားများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်ထားသော မိဘမဲ့ကျောင်း စုစုပေါင်း (၁၃) ကျောင်း သို့ ကွင်းဆင်းသွားရောက်ကာ ကလေးငယ်များ ရေဓာတ်နှင့် ဓာတ်ဆားဓာတ်များကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဖြည့်တင်းနိုင်ရန်အတွက်:

📈 ရွိုင်ရယ်ဒီ သီးစုံဓာတ်ဆား အားဖြည့်ဖျော်ရည်ဘူးပေါင်း (,၀၆၀) တိတိ ကို သဒ္ဓါတရားထက်သန်စွာဖြင့် မေတ္တာရှေးရှု လှူဒါန်းပေးအပ်ခဲ့ပါသည်။

💚 အနာဂတ်အတွက် ဆက်လက်ရပ်တည်ပေးမည့် ကတိကဝတ် ရွိုင်ရယ်-ဒီ (Royal-D) အနေဖြင့် နောင်တွင်လည်း ကလေးငယ်များနှင့် လူထုအကျိုးပြု လုပ်ငန်းများအတွက် လိုအပ်ချက်ရှိမည့် နေရာတိုင်းတွင် မိမိတို့၏ အားဖြည့်အာဟာရမေတ္တာများကို မပြတ်မကွက် ဆက်လက်မျှဝေပေးသွားဦးမည် ဖြစ်ပါသည်။

အမေများနေ့ရက်မြတ်တွင် မိဘပြည်သူ ချစ်သူများအားလုံးလည်း သားငယ်သမီးငယ်တို့၏ ပျော်ရွှင်လန်းဆန်းနေကြပုံ မှတ်တမ်းလေးများကို ကြည့်ရှုရင်း ထပ်တူထပ်မျှ ကုသိုလ်ပီတိ ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး

☀️ “အပူဒဏ်အံတုရေး ရက်သတ္တပတ်” – နိုင်ငံအနှံ့ရှိ အဖွဲ့အစည်းပေါင်း (၄၇၁) ခုသို့ တစ်ပတ်အတွင်း ရွိုင်ရယ်-ဒီ (Royal-D) ဘူးပေါင်း (၁၇၀,၀၀၀) ကူညီပံ့ပိုးခြင်း

အပူရှိန်ပြင်းထန်ချိန်တွင် ရှေ့တန်းမှ ရုန်းကန်နေရသည့် သူရဲကောင်းများနှင့် မိဘပြည်သူများကို ခွန်အားဖြည့်ပေးခြင်း

💪 ပင်ပန်းနွမ်းနယ်မှုများကို အတူတကွ ကျော်ဖြတ်ခြင်း ရွိုင်ရယ်ဒီ (Royal-D) မိသားစုသည် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်မှုများကို အချိန်မီ ပြေပျောက်စေရန် ရည်ရွယ်၍ မေလ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကာလကို အပူဒဏ်အံတုရေး ရက်သတ္တပတ် အဖြစ် သတ်မှတ်ခဲ့ပါသည်။

ဤလှုပ်ရှားမှုအတွင်း ခန္ဓာကိုယ်အတွက် လိုအပ်သော ရေဓာတ်နှင့် အာဟာရများကို အားဖြည့်ပေးနိုင်ရန်အတွက်:

📈 ရွိုင်ရယ်ဒီ သီးစုံဓာတ်ဆား အားဖြည့်ဖျော်ရည်ဘူးပေါင်း (၁၇၀,၀၀၀) ခန့် (တန်ဖိုးငွေကျပ် ၈၅,၀၀၀,၀၀၀ ခန့်) ကို နိုင်ငံအနှံ့ရှိ ဆိုင်ရာနယ်ပယ်အသီးသီးမှ အဖွဲ့အစည်းပေါင်း (၄၇၁) ခု သို့ ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် အရောက်ပေးပို့ ထောက်ပံ့ကူညီခဲ့ပါသည်။

📋 ကူညီပံ့ပိုးပေးခဲ့သော အဖွဲ့အစည်းများနှင့် အချက်အလက်များ ပြည်သူ့ဝန်ဆောင်မှုပေးနေသည့် အောက်ပါ ကဏ္ဍစုံ၊ ဌာနအသီးသီးသို့ လွှဲပြောင်းလှူဒါန်းပေးခဲ့ပါသည်

  • 🏥 Fever Clinic ပေါင်း: (၁၉) ခု
  • 👨🚒 မီးသတ်ဌာနပေါင်း: (၁၅၇) ခု
  • 🧹 မြို့တော်စည်ပင်သာယာရေး ဌာနပေါင်း: (၇၆) ခု
  • 👮♂️ မြို့နယ်ရဲစခန်းပေါင်း: (၃၅) ခု
  • 🤝 နာရေးကူညီမှုနှင့် ပရဟိတအသင်းပေါင်း: (၆၆) ခု
  • 🚑 တိုက်နယ်ဆေးရုံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ပေါင်း: (၄၃) ခု
  • 🏠 ဘုန်းကြီးကျောင်းတိုက်၊ သီလရှင်ကျောင်းတိုက်၊ ဘိုးဘွားရိပ်သာနှင့် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဌာနပေါင်း: (၇၅) ခု

💚 မွန်မြတ်လှသော လူမှုအကျိုးပြု လုပ်ငန်းမှတ်တမ်း ဤအရေးပေါ်ပံ့ပိုးလှူဒါန်းမှုသည် ပြင်းထန်လှသော အပူရှိန်နှင့် ကပ်ရောဂါဘေးအန္တရာယ်များကို တာဝန်ကျေပွန်စွာ ရင်ဆိုင်ကျော်လွှားနေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပရဟိတသူရဲကောင်းများ လုပ်ငန်းဆောင်တာများကို အမြဲလန်းလန်းဆန်းဆန်း ဆောင်ရွက်နိုင်စေရန် ဖြည့်ဆည်းပေးခဲ့ခြင်း ဖြစ်ပါသည်။

ရွိုင်ရယ်ဒီ (Royal-D) အနေဖြင့် မြန်မာပြည်သူ ပြည်သားအပေါင်း ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံး ကင်းဝေးလွတ်မြောက်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်သည့်အပြင်၊ ရွိုင်ရယ်ဒီချစ်သူ မိဘပြည်သူများ အားလုံးလည်း ယခုပြုလုပ်ခဲ့သမျှသော ကြီးမြတ်လှသည့် နိုင်ငံအနှံ့ကုသိုလ်မွန်အစုစုကို ထပ်တူထပ်မျှ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး

🌕 ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် တစ်နိုင်ငံလုံးရှိ ထင်ရှားသော စေတီပုထိုးကြီးများ၌ ရွိုင်ရယ်-ဒီ (Royal-D) ဘူးပေါင်း (၁၀၀,၀၀၀) တိတိ “ကုသိုလ်ချိန်ခါ” ကာလဒါနလှူဒါန်းပေးခဲ့ပါသည်

ကြည်နူးချမ်းမြေ့ဖွယ်ရာ သီတင်းကျွတ်အခါသမယတွင် ဘုရားဖူးပြည်သူများအား ရေဓာတ်ဖြည့်တင်းလှူဒါန်းခြင်း

🙏 ကုသိုလ်ချိန်ခါအထူးကာလဒါန ကုသိုလ်မွန် မြန်မာတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် တစ်နိုင်ငံလုံးရှိ မိဘပြည်သူများသည် စေတီပုထိုးများသို့ သွားရောက်၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြကာ ကြည်နူးချမ်းမြေ့ဖွယ်ရာ ဆင်နွှဲလေ့ရှိကြပါသည်။

ရွိုင်ရယ်ဒီ (Royal-D) မိသားစုအနေဖြင့် ၎င်းထူးမြတ်လှသော အခါသမယတွင် ကုသိုလ်ချိန်ခါ ဟု အမည်ပေးထားသည့် ကြီးမြတ်သော ကာလဒါန ကုသိုလ်မွန်တစ်ခုအဖြစ် တစ်နိုင်ငံလုံးရှိ နာမည်ကျော် စေတီပုထိုးကြီးများသို့ လာရောက်ကြသည့် ဘုရားဖူးမိဘပြည်သူများ အမောပြေ အားပြည့်လန်းဆန်းစေရန် ရည်ရွယ်၍:

📈 ရွိုင်ရယ်ဒီ သီးစုံဓာတ်ဆား အားဖြည့်ဖျော်ရည်ဘူးပေါင်း၁၀၀,၀၀၀” (တစ်သိန်း) တိတိ ကို သဒ္ဓါတရားထက်သန်စွာဖြင့် စုပေါင်းလှူဒါန်း ပူဇော်ခဲ့ကြပါသည်။

ရွိုင်ရယ်ဒီ အဖွဲ့သားများသည် တစ်နိုင်ငံလုံးရှိ မိဘပြည်သူများ အပူဒဏ်ပြေပျောက်ပြီး အားပြည့်လန်းဆန်းစေရန်အတွက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုဂံ၊ ပဲခူး၊ ဘားအံ နှင့် ပြည်မြို့ တို့ရှိ အထင်ကရ ထင်ရှားကျော်ကြားလှသော စေတီပုထိုးတော်ကြီးများတွင် သွားရောက်၍ ရေနှင့်ဓာတ်ဆားဓာတ်များကို အားတက်သရော လှူဒါန်းပေးခဲ့ကြပါသည်။ 💦

🤍 ကြည်နူးပီတိအပြည့်ဖြင့် သာဓုအနုမောဒနာခေါ်ဆိုခြင်း အဆိုပါ သီတင်းကျွတ်လပြည့်နေ့ အလှူတော်တွင် ဘုရားဖူးလာရောက်ကြသည့် ရဟန်း၊ သံဃာတော်များ၊ သက်ကြီးဘိုးဘွားများနှင့် လူကြီး လူငယ် အဖုံဖုံတို့သည် ရွိုင်ရယ်ဒီ (Royal-D) အေးအေးလေးကို သောက်သုံးကာ ကိုယ်စိတ်နှစ်ပါး အားပြည့်လန်းဆန်းသွားကြသည့်အတွက် လှူဒါန်းရသူ ရွိုင်ရယ်ဒီ မိသားစုတစ်ခုလုံး လှိုက်လှိုက်လှဲလှဲ ကြည်နူးပီတိ ဖြစ်ရပါသည်။

ရွိုင်ရယ်ဒီ (Royal-D) ချစ်သူ မိဘပြည်သူများအားလုံးလည်း ယခုပြုလုပ်ခဲ့သမျှသော ကုသိုလ်အစုစုတို့ကို ထပ်တူထပ်မျှ ကြည်နူးငြိမ်းချမ်းစွာဖြင့် သာဓုခေါ်ဆိုနိုင်ရန်အတွက် သီတင်းကျွတ်လပြည့်နေ့ လှူဒါန်းမှု မှတ်တမ်းပုံရိပ်များကို အမှတ်တရ ဝေမျှဂုဏ်ပြုလိုက်ရပါသည်။

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီသာ အကောင်းဆုံး

☀️အပူဒဏ်ကာကွယ်ရေး ရက်သတ္တပတ် ဧပြီလ၏ နွေပူပူလမ်းမများထက်မှ Riderများအတွက် ရွိုင်ရယ်-ဒီ (Royal-D) မှ လန်းဆန်းမှုနှင့် ရေဓာတ်ဖြည့်တင်းပေးခြင်းကို ယူဆောင်လာပေးခဲ့သည့် အစီအစဉ်

လမ်းမပေါ်တွင် တာဝန်ကျေပွန်စွာ ရုန်းကန်နေကြရသည့် Riderများကို ပံ့ပိုးကူညီခဲ့ခြင်း

🏍️ ဧပြီလ၏ နွေအပူရှိန်အောက်တွင် အားတက်သရော ဖြတ်သန်းခဲ့ကြသူများ ပြင်းထန်လှသော ဧပြီလ၏ နွေအပူရှိန်အောက်တွင် လမ်းမများပေါ်၌ နေ့စဉ်မပြတ် သွားလာမောင်းနှင်ပြီး လုပ်ငန်းတာဝန်များကို ရဲရဲဝံ့ဝံ့ ထမ်းဆောင်နေကြရသည့် အစားအသောက်နှင့် ပါဆယ်ပို့ဆောင်ရေး Rider များ၏ ပင်ပန်းနွမ်းနယ်မှုနှင့် စိန်ခေါ်မှုများကို ရွိုင်ရယ်ဒီ (Royal-D) မှ အသိအမှတ်ပြု စာနာနားလည်သောအားဖြင့် အလိုအပ်ဆုံးနေရာများတွင် ရေဓာတ်နှင့် အားဖြည့်တွန်းအားများ ပေးအပ်နိုင်ရန် အပူဒဏ်ကာကွယ်ရေး ရက်သတ္တပတ် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါသည်။

ဤလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရွိုင်ရယ်ဒီသည် ရန်ကုန်မြို့တစ်ခွင်ရှိ Riderများထံသို့ ကွင်းဆင်းသွားရောက်ကာ နေပူထဲတွင် ချွေးထွက်များခြင်းကြောင့် ကုန်ခမ်းသွားသော ရေဓာတ်နှင့် မရှိမဖြစ်လိုအပ်သော ဓာတ်ဆားဓာတ်များကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းနိုင်ပြီး အလုပ်လုပ်နေစဉ်အတွင်း ချက်ချင်း လန်းဆန်းသွားစေရန်အတွက်ရွိုင်ရယ်ဒီ သီးစုံဓာတ်ဆား အားဖြည့်ဖျော်ရည်များကို လက်ဝယ်အရောက် အခမဲ့ လိုက်လံဝေမျှပေးခဲ့ပါသည်။

💚 ပြည်သူ့ကျန်းမာရေးအတွက် စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ခဲ့ခြင်း ရွိုင်ရယ်ဒီ (Royal-D) သည် ယခုကဲ့သို့အပူဒဏ်ကာကွယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုများမှတစ်ဆင့် လူထုအကျိုးပြုလုပ်ငန်းများနှင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ပိုမိုကောင်းမွန်သော ရေဓာတ်ဖြည့်တင်းမှု ကဏ္ဍများကို အစဉ်တစိုက် ဦးစားပေးလုပ်ဆောင်ခဲ့ပါသည်။ မိမိတို့၏ အားဖြည့်အာဟာရမေတ္တာများနှင့် စောင့်ရှောက်မှုများကို မြန်မာနိုင်ငံတစ်ဝန်းရှိ လိုအပ်ချက်ရှိနေမည့် နေရာတိုင်းတွင် ဆက်လက်၍ ဝေမျှပေးရန်အတွက်လည်း အစဉ်အမြဲ သန္နိဋ္ဌာန်ချမှတ်ထားခဲ့ပါသည်။

လမ်းမပေါ်တွင် အလုပ်လုပ်ကိုင်ခဲ့ကြရသည့် Riderများအားလုံး၏ ကြိုးစားအားထုတ်မှုကိုလည်း ရွိုင်ရယ်ဒီ မိသားစုမှ အလေးအနက် ဂုဏ်ပြုကျေးဇူးတင်ရှိခဲ့ပြီး နွေရာသီကာလပတ်လုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ခရီးစဉ်များ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သခဲ့ပါသည်။

☀️ နွေအပူဒဏ်အောက်မှ ခရီးသည်တင် မော်တော်ယာဉ်မောင်း ဆရာကြီးများအတွက် ရွိုင်ရယ်-ဒီ (Royal-D) မှ အားဖြည့်အာဟာရမေတ္တာ ဝေမျှလှူဒါန်း

လမ်းမထက်က ခရီးသည်တင် ယာဉ်မောင်းဆရာကြီးများ ဘေးကင်းလန်းဆန်းစွာ မောင်းနှင်နိုင်ရေးအတွက်

🚌 တာဝန်ကျေပွန်စွာ အလုပ်လုပ်နေကြသည့် လမ်းမထက်က သူရဲကောင်းများ ပူပြင်းလှသော နွေရာသီကာလ၏ အပူရှိန်အောက်မှာ ခရီးသွားလာသူ မိဘပြည်သူများ လိုရာခရီးသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ရေးအတွက် တာဝန်သိစိတ်အပြည့်ဖြင့် ပို့ဆောင်ပေးနေကြရသည့် မော်တော်ယာဉ်မောင်း ကားဆရာကြီးများ၏ ကဏ္ဍမှာ အလွန်ပင် အရေးပါလှပါသည်။

မော်တော်ယာဉ်မောင်း ကားဆရာကြီးများ အနေဖြင့် နေ့စဉ်နှင့်အမျှ အပူဒဏ်ကြောင့် အားအင်ကုန်ခမ်းခြင်း၊ ချွေးထွက်များကာ ခန္ဓာကိုယ်တွင်းမှ ရေဓာတ်နှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံးခြင်းတို့ကို ကြုံတွေ့ရလေ့ရှိပါသည်။ ၎င်းအခြေအနေများသည် အာရုံစူးစိုက်မှုကို လျော့နည်းစေနိုင်သဖြင့် ရေဓာတ်နှင့် ဓာတ်ဆားဓာတ်များကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ပြန်လည်ဖြည့်တင်းပေးရန် အထူးလိုအပ်လှပါသည်။

🥤 မေတ္တာအပြည့်ဖြင့် အခမဲ့ လိုက်လံဖြည့်တင်းပေးခြင်း ထို့ကြောင့် ရွိုင်ရယ်ဒီ အနေဖြင့် မော်တော်ယာဉ်မောင်း ဆရာကြီးများအားလုံး ပင်ပန်းမှုများ ပြေပျောက်ပြီး ကိုယ်စိတ်နှစ်ပါး အားပြည့်လန်းဆန်းစွာဖြင့် ခရီးစဉ်များကို ဘေးကင်းစွာ မောင်းနှင်နိုင်စေရန် ရည်ရွယ်၍ ဗီတာမင်နှင့် သတ္တုဓာတ်များ ပြည့်ဝစွာပါဝင်သည့်:

📈 ရွိုင်ရယ်ဒီ သီးစုံဓာတ်ဆား အားဖြည့်ဖျော်ရည်ဘူးပေါင်း (,၅၀၀) ကျော် ကို မေတ္တာဖြင့် လက်ဝယ်အရောက် အခမဲ့ လိုက်လံဝေမျှ ဖြည့်ဆည်းပေးခဲ့ပါသည်။

💚 ပြည်သူ့ကျန်းမာရေးအတွက် အစဉ်အမြဲ လက်တွဲလျက် ရွိုင်ရယ်ဒီ (Royal-D) သည် ပြည်သူများ၏ ကျန်းမာရေးကို အစဉ်ဦးစားပေးသော Brand တစ်ခုဖြစ်သည်နှင့်အညီ၊ နောင်တွင်လည်း ယခုကဲ့သို့ လူထုအကျိုးပြုလုပ်ငန်းများနှင့် လိုအပ်ချက်ရှိနေမည့် ကဏ္ဍစုံ၊ နေရာတိုင်းသို့ မိမိတို့၏ အားဖြည့်အာဟာရမေတ္တာများကို မပြတ်မကွက် ဆက်လက်၍ ကွင်းဆင်းဝေမျှပေးသွားဦးမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ခရီးသည်တို့၏ ဘေးကင်းရေးကို ရှေးရှု၍ လမ်းမထက်တွင် တာဝန်ကျေပွန်စွာ ရုန်းကန်မောင်းနှင်နေကြသည့် မော်တော်ယာဉ်မောင်း ဆရာကြီးများအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လိုရာခရီးသို့ ဆိုက်ရောက်နိုင်ကြပါစေကြောင်း ရွိုင်ရယ်ဒီ မိသားစုမှ အလေးအနက် ဆုတောင်းဂုဏ်ပြုအပ်ပါသည်။

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီသာ အကောင်းဆုံး

☀️ “နွေရာသီအပူဒဏ်နှင့် သင့်မိသားစုကျန်းမာရေး” အသိပညာပေးဟောပြောပွဲကို ရွိုင်ရယ်-ဒီ (Royal-D) မှ ဦးဆောင်ကျင်းပ

မိဘပြည်သူများ နွေရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရန်

🏠 မိသားစုတိုင်းအတွက် နွေရာသီကျန်းမာရေး ဗဟုသုတများ မျှဝေခြင်း ရွိုင်ရယ်ဒီ (Royal-D) မိသားစုအနေဖြင့် မိဘပြည်သူများ နွေရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် သိထားသင့်သည့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို ဝေမျှပေးရန် ရည်ရွယ်၍ နွေရာသီအပူဒဏ်နှင့် သင့်မိသားစုကျန်းမာရေး အသိပညာပေးဟောပြောပွဲကြီးကို ရန်ကုန်မြို့၊ Times City အားကစားနှင့် ပရိုမိုးရှင်းဧရိယာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

ယခု ဟောပြောပွဲတွင် ကျန်းမာရေးကဏ္ဍမှ ထင်ရှားသည့် ဒေါက်တာသူရိန်လှိုင်ဝင်း ပရိသတ်ချစ်ခင်အားပေးရသည့် သရုပ်ဆောင် နော်ဖောအယ်ထား နှင့်အတူ လူမှုကွန်ရက် Social Influencer များဖြစ်ကြသည့် မနန္ဒါ နှင့် မမြဘုန်းဆင့် တို့က အထူးဧည့်သည်တော်များအဖြစ် တက်ရောက်ကာ နွေအပူဒဏ်ကို စနစ်တကျ တုံ့ပြန်နိုင်မည့် နည်းလမ်းများကို အကျယ်တဝင့် ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။

💡 ဟောပြောပွဲမှ သိထားသင့်သည့် နွေရာသီ ကျန်းမာရေး ဆောင်ရန်/ရှောင်ရန်များ ဟောပြောပွဲအတွင်း အဓိကထား ဆွေးနွေးခဲ့ကြသည့် မိသားစုတိုင်း လိုက်နာမှတ်သားသင့်သော ကျန်းမာရေးလမ်းညွှန်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်

  • 👕 လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်နိုင်သည့် အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ပါ။
  • ⛱️ အပြင်ထွက်သည့်အခါတိုင်း နေရောင်ခြည် တိုက်ရိုက်မထိတွေ့စေရန် ထီး (သို့) ဦးထုပ် ဆောင်းပေးပါ။
  • 💧 ရေဓာတ်မခမ်းခြောက်စေရန် နေ့စဉ် ရေနှင့် အရည်များကို ပုံမှန်ထက် ပိုမိုသောက်သုံးပေးပါ။
  • 🔋 ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားသော ဓာတ်များကို အမြန်ဆုံး ဖြည့်တင်းပေးနိုင်သည့် ဓာတ်ဆားဖြည့်ဖျော်ရည်ကို သောက်သုံးပါ။
  • 🏃♂️ နေပူရှိန်ပြင်းထန်ချိန်တွင် ခန္ဓာကိုယ်ကို အလွန်အမင်း မောပန်းစေမည့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကို ဆင်ခြင်ပါ။
  • တတ်နိုင်သမျှ အပူရှိန်အပြင်းဆုံးအချိန်ဖြစ်သည့် မနက် (၁၁) နာရီမှ ညနေ () နာရီအတွင်း နေပူထဲသို့ သွားလာခြင်းကို ရှောင်ကြဉ်ပါ။
  • 🍽️ ခန္ဓာကိုယ်အတွင်း အပူဒဏ်ကို ပိုမိုလှုံ့ဆော်ပေးမည့် အစားအစာများကို နွေရာသီတွင် လျှော့ချစားသုံးပါ။

🎉 ပျော်ရွှင်စရာဂိမ်းများနှင့် အေးမြလန်းဆန်းစေမည့် ဓာတ်ဆားဖြည့်တင်းမှု အသိပညာပေး ဟောပြောချက်များအပြင် တက်ရောက်လာကြသည့် မိဘပြည်သူများ ပျော်ရွှင်စေရန်အတွက် စိတ်လှုပ်ရှားဖွယ် ဂိမ်းအစီအစဉ်များကို ကျင်းပပေးခဲ့ပြီး၊ နွေအပူဒဏ်ကို အေးမြစေရန် ရေနှင့်ဓာတ်ဆားဓာတ်များ အချိန်မီ ပြန်လည်ဖြည့်တင်းပေးနိုင်သည့် ရွိုင်ရယ်ဒီ ဘူးများကို ဝေငှပေးခဲ့ပါသည်။

ပင်ပန်းနွမ်းနယ်နေသူတိုင်းအတွက် ခန္ဓာကိုယ်မှ လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဖြည့်တင်းပေးမည့် အကောင်းဆုံး ရွေးချယ်စရာအဖြစ် ရွိုင်ရယ်ဒီ (Royal-D) က အမြဲတစေ အနားမှာ ရှိနေပါမည်။ ဟောပြောပွဲသို့ လာရောက်အားပေးခဲ့ကြသည့် မိဘပြည်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် အမှတ်တရ ကုသိုလ်ပုံရိပ်များကို ပြန်လည်ဝေမျှအပ်ပါသည်။

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး

💧 “ဘာမဆိုရင်ဆိုင် 22 ဖြတ်သန်းကြမယ်” မန္တလေးတိုင်းဒေသကြီးရှိ ကိုဗစ်-၁၉ ကာကွယ်ကုသရေး နေရာများအတွက် ရွိုင်ရယ်-ဒီ (Royal-D) ၏ အထူးလှူဒါန်းမှုကမ်ပိန်း စတင်တိုးချဲ့

ပြည်သူလူထုတစ်ရပ်လုံး ကပ်ရောဂါအကျပ်အတည်းကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ရေး

💚 ရှေ့တန်းမှ ကာကွယ်ကုသပေးနေသူများနှင့်အတူ လက်တွဲခြင်း ပြည်သူလူထုတစ်ရပ်လုံး ကပ်ရောဂါအကျပ်အတည်းကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ရွိုင်ရယ်ဒီ (Royal-D) မိသားစုသည် အများပြည်သူများနှင့်အတူ လက်တွဲကာ စဉ်ဆက်မပြတ် အားဖြည့်ပံ့ပိုးလျက် ရှိပါသည်။

ရွိုင်ရယ်ဒီ (Royal-D) ဘာမဆိုရင်ဆိုင် 22 ဖြတ်သန်းကြမယ် အထူးလှူဒါန်းမှု အစီအစဉ်ကြီးမှတဆင့် ရန်ကုန်မြို့ရှိ ကိုဗစ်၁၉ ကာကွယ်ကုသပေးနေသည့် နေရာဌာနများသို့ အောင်မြင်စွာ ကွင်းဆင်းလှူဒါန်းပေးခဲ့ပြီး ဖြစ်ပါသည်။

ယခုအခါ ၎င်းမွန်မြတ်လှသော ကုသိုလ်ရေးလုပ်ငန်းစဉ်များကို ပိုမိုကျယ်ပြန့်စွာ ကူညီပံ့ပိုးပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး သို့ပါ အားတက်သရော တိုးချဲ့ရောက်ရှိလို့ လာခဲ့ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

🤝 အလှူရှင်များ၏ မေတ္တာကို အပိုထပ်ဆောင်း ဖြည့်ဆည်းပေးခြင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်၁၉ ကာကွယ်တွန်းလှန်တိုက်ဖျက်နေကြသော ဆေးရုံများ၊ ကုသရေးစင်တာများနှင့် လိုအပ်သည့် မည်သည့်နေရာဌာနများအတွက်မဆို ရွိုင်ရယ်ဒီ (Royal-D) ဓာတ်ဆားဖျော်ရည်များ ဝယ်ယူလှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် မိတ်ဆွေတို့ ဝယ်ယူလှူဒါန်းမှု ပမာဏတိုင်းအတွက် ရွိုင်ရယ်ဒီ (Royal-D) မိသားစုဘက်မှ:

📈 (၂၂ % – ၂၂ ရာခိုင်နှုန်း) အပိုထပ်ဆောင်း ဖြည့်စွက်ကာ မေတ္တာဖြင့် အတူပါဝင် မျှကူလှူဒါန်းပေးသွားမည် ဖြစ်ပါသည်။

🚚 စိတ်အေးချမ်းသာစွာ လှူဒါန်းနိုင်ဖို့ အခမဲ့အရောက်ပို့ဆောင်ခြင်း အလှူရှင်များအနေဖြင့် လူကိုယ်တိုင် သွားရောက်ပို့ဆောင်ရန် အခက်အခဲမရှိစေဘဲ စိတ်အေးချမ်းသာစွာ ကုသိုလ်ယူနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မည်သည့် Covid-19 ကာကွယ်တိုက်ဖျက်ရေး နေရာဌာနကိုမဆို ရွိုင်ရယ်ဒီ အဖွဲ့သားများက အမြန်ဆုံး အထူးဝန်ဆောင်မှုဖြင့် လက်ဝယ်အရောက် စနစ်တကျ အခမဲ့ ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။

📞 ပါဝင်လှူဒါန်းလိုပါက ဆက်သွယ်ရန်ဘာမဆိုရင်ဆိုင် ၂၂ ဖြတ်သန်းကြမယ်ကမ်ပိန်းတွင် ပါဝင်လှူဒါန်းလိုပါက Royal-D Foundation ဖုန်းနံပါတ်များသို့ တိုက်ရိုက် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

  • 09-771250630
  • 09-420091123

ရွိုင်ရယ်ဒီ (Royal-D) အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့ အရေးကြုံလာသည့် အခြေအနေတိုင်းတွင် ရှေ့တန်းမှနေ၍ တစ်တပ်တစ်အား အမြဲအသင့် ပါဝင်ကူညီသွားမည် ဖြစ်ပါသည်။ မိဘပြည်သူ အလှူရှင်များအားလုံး ရွိုင်ရယ်ဒီနှင့်အတူ အခက်အခဲများကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ရင်း ကုသိုလ်များ အတူတကွ ရယူနိုင်ကြပါစေကြောင်း လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

🌟 ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး