ရရှိနိုင်သောထုတ်ကုန်များ

မူလအရသာ

ဟိကာရီ (အသင့်သောက်ဘူးများ)

မူလအရသာ

မက်မွန်အရသာ

ဟိကာရီ (အသင့်သောက်ဘူးများ)

မက်မွန်အရသာ

မကြာခဏမေးလေ့ရှိသော မေးခွန်းများ

ရေဓာတ်ပြည့်ဝမှု၊ ဓာတ်ဆားဓာတ်များ၊ စွမ်းအင်ဖြည့်တင်းမှု သို့မဟုတ် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ပတ်သက်၍ သိရှိလိုသည်များ ရှိပါသလား? လူသိများပြီး မကြာခဏ မေးလေ့ရှိသော မေးခွန်းများနှင့် အဖြေများကို အောက်တွင် လေ့လာကြည့်ရှုနိုင်ပါသည်။

သင်ရွေးချယ်ထားသည့် Lifestyle ကို တမူထူးခြားစွာ အကောင်းဆုံးချပြနိုင်ရန်အတွက်၊ သင့်ကြိုးစားအားထုတ်မှုနှင့်တန်းတူ မြင့်မားသောပန်းတိုင်ဆီ လျှောက်လှမ်းနိုင်ရန်အတွက်၊ စွမ်းဆောင်ရည်ကောင်းများကို ကြာရှည်ထိန်းသိမ်းပြသလိုသည့် သင့်အိပ်မက်ကို စတင်တည်ဆောက်ရန်အတွက် “ဟိကာရီ” အိုင်းယွန်းဖြည့်အချိုရည်ကို ရွေးချယ်သောက်သုံးသင့်ပါသည်။

“ဟိကာရီ” အိုင်းယွန်းဖြည့်အချိုရည်ကို မြန်မာနိုင်ငံတဝန်းရှိ စူပါမားကတ်နှင့် ဈေးဝယ်စင်တာများ၊ နီးစပ်ရာကုန်စုံဆိုင်များတွင် လွယ်ကူစွာ ဝယ်ယူနိုင်ပါသည်။ အချိန်ကုန်လူပင်ပန်း သက်သာစေရန်အတွက် အွန်လိုင်းရှော့ပင်များကတဆင့်လည်း ဝယ်ယူအားပေးနိုင်ပါသည်။

စွမ်းဆောင်ရည်မြှင့်အိုင်းယွန်းအမျိုးအစားများ ပိုလျှံစွာ ပါဝင်သော “ဟိကာရီ” အိုင်းယွန်းဖြည့်အချိုရည်ကို လှပသေသပ်သည့် အပြာရောင်ဘူးဒီဇိုင်း ပုံစံတစ်မျိုးတည်းဖြင့်သာ ဈေးကွက်တွင်း ထုတ်လုပ်ရောင်းချပေးနေပါသည်။

“ဟိကာရီ” အိုင်းယွန်းဖြည့်အချိုရည်ကို ကိုယ်လက်လှုပ်ရှားမှုများသူများ၊ ပြင်းထန်လေ့ကျင့်ခန်းပြုလုပ်သူများနှင့် စွမ်းဆောင်ရည်ကောင်းကို ကြာရှည်ထိန်းသိမ်းလိုသည့် အားကစားသမားများ အဓိကသောက်သုံးသင့်ပါသည်။ အလွန်ပူပြင်းသည့်ရာသီဥတု (သို့မဟုတ်) ရေဓာတ်ပြန်လည်ဖြည့်တင်းရန် အရေးကြုံလာချိန်တိုင်းတွင် ထိရောက်မြန်ဆန်မှုရှိစေရန် သောက်သုံးနိုင်ပါသည်။

“ဟိကာရီ” အိုင်းယွန်းဖြည့်အချိုရည်တွင် စွမ်း‌ဆောင်ရည်မြှင့်အိုင်းယွန်းများ ပိုလျှံစွာပါဝင်နေစေရန် ဂျပန်နည်းပညာဖြင့် အရည်အ‌သွေးမြင့်မားစွာ ထုတ်လုပ်ထားပါသည်။

အိုင်းယွန်း (ION) ပြည့်ဝနေခြင်းသည် စိတ်နှင့်ခန္ဓာ ကျန်းမာသွက်လက်ခြင်းပင်ဖြစ်သည်။ “ဟိကာရီ” အိုင်းယွန်းဖြည့်အချိုရည်နှင့် နေ့စဉ်ရေဓာတ်ဖြည့်တင်းပေးပါက သင်၏ ဦးနှောက်အချက်ပြမှုစနစ်နှင့် အာရုံကြောဆိုင်ရာလုပ်ဆောင်ချက်များကို တိုးတက်ကောင်းမွန်စေနိုင်သည်။ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်များကို မှန်ကန်ချောမွေ့စေနိုင်သည်။ နှလုံးသွေးညှစ်အားနှင့် ခန္ဓာကိုယ်ကြွက်သားစိုင်များ ကျုံ့/ဆန့်နိုင်မှု အားကောင်းစေနိုင်သည်။

လူ့ခန္ဓာကိုယ်တွင် အချိန်နှင့်အမျှ အိုင်းယွန်းများ ကုန်ဆုံးနေသည်။ သို့သော် ကိုယ်တိုင်မထုတ်လုပ်နိုင်ပါ။ ပြင်ပအစားအစာနှင့် ဖျော်ရည်တို့မှတဆင့်သာ စုပ်ယူသိုမှီး၊ ပြန်လည်ဖြည့်တင်းရသည်။ ဤသို့ပြန်လည်ဖြည့်တင်းမှုသည် ပုံမှန်အခြေအနေတွင်သာ ဟန်ချက်ညီနိုင်ပါသည်။

ကိုယ်လက်လှုပ်ရှားမှုများသူများ၊ ပြင်းထန်လေ့ကျင့်ခန်းပြုလုပ်သူများ၊ အားကစားသမားများနှင့် ပူပြင်းသောရာသီဥတုများအတွက်မူ လုံလောက်မည်မဟုတ်ပေ။

လွန်ကဲစွာဆုံးရှုံးသွားသည့် အိုင်းယွန်း (ION) များကို အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ ပြန်လည်ဖြည့်တင်းနိုင်ရန် စွမ်းဆောင်ရည်မြှင့်အိုင်းယွန်း အမျိုးအစားများ ပိုလျှံစွာပါဝင်သော အပြာရောင်ဘူးဒီဇိုင်းပုံစံနှင့် ထုတ်လုပ်ထားသည့် “ဟိကာရီ” အိုင်းယွန်းဖြည့်အချိုရည်ကို သောက်သုံးပေးသင့်သည်။

အိုင်းယွန်း (ION) များကို အခဲ၊ အမှုန့်၊ အရည်ပုံစံအမျိုးမျိုးဖြင့် ရယူဖြည့်တင်းနိုင်သည်။ သို့သော် အချိန်တိုအတွင်း ရေဓာတ်ဖြည့်တင်းရန် အရေးကြုံလာပါက ခန္ဓာကိုယ်က မြန်ဆန်ထိရောက်စွာ စုပ်ယူဓာတ်ပြုနိုင်စေရန် အရည်ပုံစံကို ရွေးချယ်သောက်သုံးသင့်သည်။ အပြာရောင်ဘူးဒီဇိုင်းပုံစံသစ်နဲ့အတူ ထုတ်လုပ်ထားသည့် “ဟိကာရီ” အိုင်းယွန်းဖြည့်အချိုရည်တွင် စွမ်းဆောင်ရည်မြှင့် အိုင်းယွန်းအမျိုးအစားများ ပိုလျှံစွာ ပါဝင်ပါသည်။

ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ အသက်ရှူခြင်း၊ ဆီးသွားခြင်းနဲ့ ချွေးထွက်ခြင်းတို့ကတစ်ဆင့် ရေဓာတ်နဲ့ အိုင်းယွန်းဓာတ်တွေကို နေ့စဉ် ဆုံးရှုံးနေရပါတယ်။ ဒါကြောင့် နေ့စဉ်ဆုံးရှုံးသွားတဲ့ အိုင်းယွန်းဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးမှသာ အာရုံကြောစနစ် ကောင်းမွန်စွာ ဆက်သွယ်နိုင်ခြင်း၊ ကြွက်သားများ ကောင်းမွန်စွာ လှုပ်ရှားနိုင်ခြင်းနဲ့ အမြဲတမ်း အားအင်ပြည့်ဝပြီး လန်းဆန်းနေစေမှာ ဖြစ်ပါတယ်။

Ion (အိုင်းယွန်း) ဆိုတာ အီလက်ထရွန် ဆုံးရှုံးခြင်း သို့မဟုတ် ရရှိခြင်းကြောင့် လျှပ်စစ်ဓာတ်ဆောင်နေတဲ့ အက်တမ် သို့မဟုတ် မော်လီကျူး ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာဆိုရင်တော့ ဆိုဒီယမ်၊ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ် စတဲ့ အရေးကြီးအိုင်းယွန်းတွေဟာ ဓာတ်ဆားဓာတ်တွေအဖြစ် ခန္ဓာကိုယ်ရဲ့ အရေးကြီးလုပ်ဆောင်ချက်တွေကို လည်ပတ်ပေးပါတယ်။

ဈေးဆိုင်စာရင်း
ပြည်နယ် / တိုင်း: အားလုံး မြို့: အားလုံး
ပြည်နယ် / တိုင်း မြို့ ဖုန်းနံပါတ်