ပူပြင်းသည့်နွေရာသီတွင်သာမက မိုးတွင်းနှင့်ဆောင်းကာလမရွေး၊ ဥတုသုံးပါးစလုံးတွင်လည်း ချွေးထွက်များနေတတ်ပါသည်။ ထို့ကြောင့် နေပူပူ မိုးရွာရွာ၊ ချွေးထွက်များမှန်းမသိသာသည့် ဆောင်းကာလမှာပါ မှန်ကန်မြန်ဆန်သော အားပြည့်လန်းဆန်းမှုကို ခံစားနိုင်စေရန်အတွက် “ရွိုင်ရယ်-ဒီ” ကို သောက်သုံးသင့်ပါသည်။
လ: ဇွန် 2026
ကလေးငယ်များတွင် ချွေးထွက်များနေခြင်းကို မည်သို့သိရှိနိုင်မည်နည်း။
တလွှားလွှားပြေး၊ တလွေ့လွေ့ခုန်၍ အားရအောင်ဆော့တတ်ကြသည်မှာ ကလေးတို့သဘာဝဖြစ်သည်။ သို့သော် ချွေးထွက်များပင်ပန်းခြင်းကို နားမလည်သေးသလို၊ နှုတ်မှလည်း ထုတ်ပြောတတ်ဦးမည်မဟုတ်ပါ။ မိဘများကပင် အရိပ်တကြည့်ကြည့်နှင့် ဂရုစိုက်ကာ ရေနှင့်ဓာတ်ဆားများ ပြန်လည်ဖြည့်တင်းပေးရပါမည်။ အသက် (၃) နှစ်အထက် ကလေးများအတွက် မှန်ကန်မြန်ဆန်သည့် အားပြည့်လန်းဆန်းမှုကို ပေးစွမ်းရန်အတွက် “ရွိုင်ရယ်-ဒီ” ကို ရွေးချယ်တိုက်ကျွေးနိုင်ပါသည်။
အိုင်းယွန်း (ION) ဆိုသည်မှာ အဘယ်နည်း။
အိုင်းယွန်း (ION) ဆိုသည်မှာ ရေတွင်ပျော်ဝင်နိုင်သည့် သတ္တုဓာတ်ဆားပင်ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးနှင့် အခြေခံအကျဆုံး အိုင်းယွန်း (ION) များမှာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်ဆီယမ်နှင့် ကလိုရိုက်ဒ် ဖြစ်သည်။ ၄င်းတို့သည် လျှပ်လိုက်ဂုဏ်သတ္တိရှိပြီး ခန္ဓာကိုယ်တွင်းလုပ်ဆောင်ချက်များ၊ ဇီဝကမ္မဖြစ်စဉ်များနှင့် စွမ်းအင်ထုတ်လုပ်ရေးအတွက် မရှိမဖြစ် အရေးကြီးလှသည်။ လူသားတို့၏ နေ့စဉ်အသက်ရှင်သန်ရေးအတွက် အသက်ဓာတ်ပင်ဖြစ်သည်။
လူ့ခန္ဓာကိုယ်တွင် အိုင်းယွန်း (ION) နေ့စဉ်ဖြည့်တင်းပေးရန် ဘာကြောင့်အရေးကြီးသနည်း။
လူ့ခန္ဓာကိုယ်၏ (၆၀%) သည် ရေနှင့်သတ္တုဓာတ်များဖြစ်သည်။ ရေဓာတ်ဟူ၍လည်း အများနားလည်လက်ခံထားသည်။ ခန္ဓာကိုယ်စွမ်းဆောင်ရည် မြင့်မားနေစေရန်အတွက် အိုင်းယွန်း (ION) များကို နေ့စဉ်ပုံမှန်ဖြည့်တင်းပေးရန် အရေးကြီးလှသည်။
အိုင်းယွန်း (ION) များကို မည်ကဲ့သို့ ဖြည့်တင်းရမည်နည်း။
အိုင်းယွန်း (ION) များကို အခဲ၊ အမှုန့်၊ အရည်ပုံစံအမျိုးမျိုးဖြင့် ရယူဖြည့်တင်းနိုင်သည်။ သို့သော် အချိန်တိုအတွင်း ရေဓာတ်ဖြည့်တင်းရန် အရေးကြုံလာပါက ခန္ဓာကိုယ်က မြန်ဆန်ထိရောက်စွာ စုပ်ယူဓာတ်ပြုနိုင်စေရန် အရည်ပုံစံကို ရွေးချယ်သောက်သုံးသင့်သည်။ အပြာရောင်ဘူးဒီဇိုင်းပုံစံသစ်နဲ့အတူ ထုတ်လုပ်ထားသည့် “ဟိကာရီ” အိုင်းယွန်းဖြည့်အချိုရည်တွင် စွမ်းဆောင်ရည်မြှင့် အိုင်းယွန်းအမျိုးအစားများ ပိုလျှံစွာ ပါဝင်ပါသည်။
ခန္ဓာကိုယ်တွင် အိုင်းယွန်း (ION) ဆုံးရှုံးမှုနှင့် ပြန်လည်ဖြည့်တင်းမှု ဟန်ချက်အမြဲရှိနေပါသလား။
လူ့ခန္ဓာကိုယ်တွင် အချိန်နှင့်အမျှ အိုင်းယွန်းများ ကုန်ဆုံးနေသည်။ သို့သော် ကိုယ်တိုင်မထုတ်လုပ်နိုင်ပါ။ ပြင်ပအစားအစာနှင့် ဖျော်ရည်တို့မှတဆင့်သာ စုပ်ယူသိုမှီး၊ ပြန်လည်ဖြည့်တင်းရသည်။ ဤသို့ပြန်လည်ဖြည့်တင်းမှုသည် ပုံမှန်အခြေအနေတွင်သာ ဟန်ချက်ညီနိုင်ပါသည်။ ကိုယ်လက်လှုပ်ရှားမှုများသူများ၊ ပြင်းထန်လေ့ကျင့်ခန်းပြုလုပ်သူများ၊ အားကစားသမားများနှင့် ပူပြင်းသောရာသီဥတုများအတွက်မူ လုံလောက်မည်မဟုတ်ပေ။ လွန်ကဲစွာဆုံးရှုံးသွားသည့် အိုင်းယွန်း (ION) များကို အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ ပြန်လည်ဖြည့်တင်းနိုင်ရန် စွမ်းဆောင်ရည်မြှင့်အိုင်းယွန်း အမျိုးအစားများ ပိုလျှံစွာပါဝင်သော အပြာရောင်ဘူးဒီဇိုင်းပုံစံနှင့် ထုတ်လုပ်ထားသည့် “ဟိကာရီ” အိုင်းယွန်းဖြည့်အချိုရည်ကို သောက်သုံးပေးသင့်သည်။
အိုင်းယွန်း (ION) သည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် မည်သို့အကျိုးပြုပေးသနည်း။
အိုင်းယွန်း (ION) ပြည့်ဝနေခြင်းသည် စိတ်နှင့်ခန္ဓာ ကျန်းမာသွက်လက်ခြင်းပင်ဖြစ်သည်။ “ဟိကာရီ” အိုင်းယွန်းဖြည့်အချိုရည်နှင့် နေ့စဉ်ရေဓာတ်ဖြည့်တင်းပေးပါက သင်၏ ဦးနှောက်အချက်ပြမှုစနစ်နှင့် အာရုံကြောဆိုင်ရာလုပ်ဆောင်ချက်များကို တိုးတက်ကောင်းမွန်စေနိုင်သည်။ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်များကို မှန်ကန်ချောမွေ့စေနိုင်သည်။ နှလုံးသွေးညှစ်အားနှင့် ခန္ဓာကိုယ်ကြွက်သားစိုင်များ ကျုံ့/ဆန့်နိုင်မှု အားကောင်းစေနိုင်သည်။
“ဟိကာရီ” အိုင်းယွန်းဖြည့်အချိုရည်ကို မည်သည့်နည်းပညာဖြင့် ထုတ်လုပ်ထားသနည်း။
“ဟိကာရီ” အိုင်းယွန်းဖြည့်အချိုရည်တွင် စွမ်းဆောင်ရည်မြှင့်အိုင်းယွန်းများ ပိုလျှံစွာပါဝင်နေစေရန် ဂျပန်နည်းပညာဖြင့် အရည်အသွေးမြင့်မားစွာ ထုတ်လုပ်ထားပါသည်။
“ဟိကာရီ” အိုင်းယွန်းဖြည့်အချိုရည်ကို မည်သူများအဓိကသောက်သုံးသင့်ပါသနည်း။
“ဟိကာရီ” အိုင်းယွန်းဖြည့်အချိုရည်ကို ကိုယ်လက်လှုပ်ရှားမှုများသူများ၊ ပြင်းထန်လေ့ကျင့်ခန်းပြုလုပ်သူများနှင့် စွမ်းဆောင်ရည်ကောင်းကို ကြာရှည်ထိန်းသိမ်းလိုသည့် အားကစားသမားများ အဓိကသောက်သုံးသင့်ပါသည်။ အလွန်ပူပြင်းသည့်ရာသီဥတု (သို့မဟုတ်) ရေဓာတ်ပြန်လည်ဖြည့်တင်းရန် အရေးကြုံလာချိန်တိုင်းတွင် ထိရောက်မြန်ဆန်မှုရှိစေရန် သောက်သုံးနိုင်ပါသည်။
“ဟိကာရီ” အိုင်းယွန်းဖြည့်အချိုရည်ကို အမျိုးအစားမည်မျှ ထုတ်လုပ်ထားပါသနည်း။
စွမ်းဆောင်ရည်မြှင့်အိုင်းယွန်းအမျိုးအစားများ ပိုလျှံစွာ ပါဝင်သော “ဟိကာရီ” အိုင်းယွန်းဖြည့်အချိုရည်ကို လှပသေသပ်သည့် အပြာရောင်ဘူးဒီဇိုင်း ပုံစံတစ်မျိုးတည်းဖြင့်သာ ဈေးကွက်တွင်း ထုတ်လုပ်ရောင်းချပေးနေပါသည်။