🌕 ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် တစ်နိုင်ငံလုံးရှိ ထင်ရှားသော စေတီပုထိုးကြီးများ၌ ရွိုင်ရယ်-ဒီ (Royal-D) ဘူးပေါင်း (၁၀၀,၀၀၀) တိတိ “ကုသိုလ်ချိန်ခါ” ကာလဒါနလှူဒါန်းပေးခဲ့ပါသည်

🌕 ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် တစ်နိုင်ငံလုံးရှိ ထင်ရှားသော စေတီပုထိုးကြီးများ၌ ရွိုင်ရယ်-ဒီ (Royal-D) ဘူးပေါင်း (၁၀၀,၀၀၀) တိတိ “ကုသိုလ်ချိန်ခါ” ကာလဒါနလှူဒါန်းပေးခဲ့ပါသည်

ကြည်နူးချမ်းမြေ့ဖွယ်ရာ သီတင်းကျွတ်အခါသမယတွင် ဘုရားဖူးပြည်သူများအား ရေဓာတ်ဖြည့်တင်းလှူဒါန်းခြင်း

🙏 “ကုသိုလ်ချိန်ခါ” အထူးကာလဒါန ကုသိုလ်မွန် မြန်မာတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် တစ်နိုင်ငံလုံးရှိ မိဘပြည်သူများသည် စေတီပုထိုးများသို့ သွားရောက်၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြကာ ကြည်နူးချမ်းမြေ့ဖွယ်ရာ ဆင်နွှဲလေ့ရှိကြပါသည်။

ရွိုင်ရယ်ဒီ (Royal-D) မိသားစုအနေဖြင့် ၎င်းထူးမြတ်လှသော အခါသမယတွင် “ကုသိုလ်ချိန်ခါ” ဟု အမည်ပေးထားသည့် ကြီးမြတ်သော ကာလဒါန ကုသိုလ်မွန်တစ်ခုအဖြစ် တစ်နိုင်ငံလုံးရှိ နာမည်ကျော် စေတီပုထိုးကြီးများသို့ လာရောက်ကြသည့် ဘုရားဖူးမိဘပြည်သူများ အမောပြေ အားပြည့်လန်းဆန်းစေရန် ရည်ရွယ်၍:

📈 “ရွိုင်ရယ်ဒီ သီးစုံဓာတ်ဆား အားဖြည့်ဖျော်ရည်” ဘူးပေါင်း “၁၀၀,၀၀၀” (တစ်သိန်း) တိတိ ကို သဒ္ဓါတရားထက်သန်စွာဖြင့် စုပေါင်းလှူဒါန်း ပူဇော်ခဲ့ကြပါသည်။

ရွိုင်ရယ်ဒီ အဖွဲ့သားများသည် တစ်နိုင်ငံလုံးရှိ မိဘပြည်သူများ အပူဒဏ်ပြေပျောက်ပြီး အားပြည့်လန်းဆန်းစေရန်အတွက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုဂံ၊ ပဲခူး၊ ဘားအံ နှင့် ပြည်မြို့ တို့ရှိ အထင်ကရ ထင်ရှားကျော်ကြားလှသော စေတီပုထိုးတော်ကြီးများတွင် သွားရောက်၍ ရေနှင့်ဓာတ်ဆားဓာတ်များကို အားတက်သရော လှူဒါန်းပေးခဲ့ကြပါသည်။ 💦

🤍 ကြည်နူးပီတိအပြည့်ဖြင့် သာဓုအနုမောဒနာခေါ်ဆိုခြင်း အဆိုပါ သီတင်းကျွတ်လပြည့်နေ့ အလှူတော်တွင် ဘုရားဖူးလာရောက်ကြသည့် ရဟန်း၊ သံဃာတော်များ၊ သက်ကြီးဘိုးဘွားများနှင့် လူကြီး လူငယ် အဖုံဖုံတို့သည် ရွိုင်ရယ်ဒီ (Royal-D) အေးအေးလေးကို သောက်သုံးကာ ကိုယ်စိတ်နှစ်ပါး အားပြည့်လန်းဆန်းသွားကြသည့်အတွက် လှူဒါန်းရသူ ရွိုင်ရယ်ဒီ မိသားစုတစ်ခုလုံး လှိုက်လှိုက်လှဲလှဲ ကြည်နူးပီတိ ဖြစ်ရပါသည်။

ရွိုင်ရယ်ဒီ (Royal-D) ချစ်သူ မိဘပြည်သူများအားလုံးလည်း ယခုပြုလုပ်ခဲ့သမျှသော ကုသိုလ်အစုစုတို့ကို ထပ်တူထပ်မျှ ကြည်နူးငြိမ်းချမ်းစွာဖြင့် သာဓုခေါ်ဆိုနိုင်ရန်အတွက် သီတင်းကျွတ်လပြည့်နေ့ လှူဒါန်းမှု မှတ်တမ်းပုံရိပ်များကို အမှတ်တရ ဝေမျှဂုဏ်ပြုလိုက်ရပါသည်။

🌟 “ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီသာ အကောင်းဆုံး”