🤝 Supporting Earthquake Relief Together

🤝 Supporting Earthquake Relief Together

ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ရွိုင်ရယ်-ဒီ (Royal-D) ၏ စုပေါင်းအားဖြည့်ဖေးမမှု

💚 “ဝိုင်းဝန်းမျှကူတို့အတူ” ဖြင့် ဘေးဒဏ်သင့်ဒေသများကို ဖေးမခြင်း 2025 ခုနှစ် ငလျင်ဘေးဒဏ်သင့်ခဲ့ရတဲ့ အရပ်ဒေသအသီးသီးက အများပြည်သူတို့အတွက် ရွိုင်ရယ်-ဒီကနေ “ဝိုင်းဝန်းမျှကူတို့အတူ” အစီအစဉ်အဖြစ်:

📈 ရွိုင်ရယ်ဒီဘူးပေါင်း ၅၀၀,၀၀၀ (ငါးသိန်း) ကျော် ကို လူမှုအဖွဲ့အစည်းတွေ၊ ဆေးရုံတွေနဲ့ အရေးပေါ်လိုအပ်တဲ့နေရာတွေသို့ အရောက်သွားရောက်ကာ ပါဝင်အားဖြည့် ပံ့ပိုးပေးခဲ့ပါတယ်။

🙌 ဝယ်ယူမှုတိုင်းအတွက် ၂၅% ထပ်ဆောင်း ပါဝင်လှူဒါန်းပေးခြင်း ငလျင်ဒဏ်သင့်ဒေသ လူမှုကယ်ဆယ်ရေးတွေအတွက် ပူးပေါင်းပါဝင်ပြီး အများပြည်သူတို့ကို မျှကူ လှူဒါန်းဖို့ ရွိုင်ရယ်-ဒီ ဓာတ်ဆားအားဖြည့်အချိုရည်ဘူးတွေကို ယုံယုံကြည်ကြည် ဝယ်ယူအားပေးခဲ့ကြတဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ အနုပညာရှင်များကို အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။

အလှူရှင်များ၏ မွန်မြတ်လှသော စေတနာကို ပိုမိုအားဖြည့်ပေးနိုင်ရန်အတွက်:

⚡ ဝယ်ယူမှုတိုင်း၏ ၂၅ ရာခိုင်နှုန်း (၂၅%) ကို ရွိုင်ရယ်-ဒီ (Royal-D) ကနေ အပိုထပ်ဆောင်း ဖြည့်စွက်ကာ အတူတကွ ပူးပေါင်းပံ့ပိုး လှူဒါန်းပေးခဲ့ပါသည်။

🇲🇲 ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အစဉ်အမြဲ အတူရှိနေမည့် ရွိုင်ရယ်ဒီ အခုလို အများပြည်သူတို့ လိုအပ်နေချိန်မှာ အတူတကွ ပူးပေါင်းပါဝင်ခွင့်ရခဲ့တဲ့အတွက် ရွိုင်ရယ်-ဒီ မိသားစုအနေနဲ့ များစွာဝမ်းမြောက်ကျေးဇူးတင်ရှိမိပါတယ်။

နောင်အနာဂတ်ကာလတွေမှာလည်း “ဝိုင်းဝန်းမျှကူ တို့အတူ” ဆိုတဲ့ ခံယူချက်အတိုင်း မိဘပြည်သူတို့နဲ့အတူ တစ်သားတည်း ရပ်တည်ကာ လိုအပ်သည့်နေရာတိုင်းတွင် အမြဲတစေ ဆက်လက်ပူးပေါင်း ပံ့ပိုးကူညီသွားဦးမည် ဖြစ်ပါသည်။

🌟 “ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်ဒီ သာ အကောင်းဆုံး”