ရေသောက်ခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော ရေနှင့်ဓာတ်ဆားများ မပြည့်စုံနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သန့်စင်ပြီးသားသောက်သုံးရေတွင် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော ဓာတ်ဆားများ ကုံလုံပြည့်ဝစွာ မပါဝင်နိုင်ခြင်းကြောင့်ဖြစ်သည်။ လိုအပ်သော ဓာတ်ဆား(သတ္တုဓာတ်)ချို့တဲ့နေသည့် လူ့ခန္ဓာကိုယ်သည်လည်း အားအင်ကုန်ခမ်း ညှိုးရော်ပင်ပန်းမှုကို မလွဲမသွေ ခံစားရမည်သာဖြစ်သည်။
ကျွန်ုပ်တို့ခန္ဓာကိုယ်သည် အချိန်နှင့်အမျှ ချွေးထွက်လျက်ရှိသည်။ ချွေးထဲတွင် ရေနှင့်အတူ မဂ္ဂနီဆီယမ်၊ ကယ်ဆီယမ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဖော့စဖော့ရပ်နှင့် ဓာတ်ဆားများစွာ ပါဝင်ဆုံးရှုံးသွားသည်။ ထိုဓာတ်ဆားများသည် ခန္ဓာကိုယ်၏ ကြွက်သားများ ကျုံ့နိုင်ဆန့်နိုင်မှု၊ ဦးနှောက်နှင့် ကိုယ်တွင်းအင်္ဂါများ ချောမွေ့စွာလုပ်ဆောင်မှုအတွက် နေ့စဉ်လိုအပ်လျက်ရှိနေသော အားကောင်းသောစွမ်းအင်ကို ထုတ်ပေးသည့် လျှပ်လိုက်ရည်သကဲ့သို့ပင်ဖြစ်သည်။
ဘတ္တရီအိုးတွင် အားကောင်းသည့်လျှပ်လိုက်ရည်များ အစားထိုးဖြည့်သွင်းရန်လိုအပ်သကဲ့သို့ ဓာတ်ဆားကိုလည်း ပြင်ပအစားအစာနှင့် ဖျော်ရည်အမျိုးမျိုးတို့က ရနိုင်သည်။ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်း သိုမှီးသိမ်းဆည်းရသည်။ သို့သော် အလွန်အကျွံချွေးထွက်များစေသည့် ကိုယ်လက်လှုပ်ရှား၊ အားကစားများ၊ အလွန်ပူပြင်းသော ရာသီဥတု (သို့) ပတ်ဝန်းကျင်အနေအထားတို့ကြောင့် သိုမှီးထားသည့်ဓာတ်ဆားများ အလွန်အမင်း ဆုံးရှုံးနိုင်သည်။ ကြွက်တက်ခြင်း၊ အပူဒဏ်ကြောင့် မူးမေ့ခြင်း၊ အသက်သေဆုံးရခြင်းများသည် ဓာတ်ဆား အလွန်အမင်းဆုံးရှံးခြင်းကြောင့် ဖြစ်သည်။
ကာကွယ်ခြင်းသည် အကောင်းဆုံးကုသနည်းပင်ဖြစ်သည်။ မြန်မာအိုအေစစ်ကုမ္ပဏီလီမိတက်က ထုတ်လုပ်သည့် “ရွိုင်ရယ်-ဒီ ဓာတ်ဆားအားဖြည့်ဖျော်ရည်” များသည် ခန္ဓာကိုယ်၏ ရေနှင့်ဓာတ်ဆားများ ပြန်လည်ဖြည့်တင်းပေးရန်အတွက် ဖန်တီးထားပါသည်။ ထို့ကြောင့် မှန်ကန်မြန်ဆန်သော အားပြည့်လန်းဆန်းမှုနှင့်အတူ ရေနှင့်ဓာတ်ဆားဖြည့်တင်း ကျန်းမာခြင်းကို အပြည့်အဝရယူနိုင်ရန် နေ့စဉ်သောက်သုံးသင့်ပါသည်။