ကျွန်ုပ်တို့ကုမ္ပဏီ (ပင်မစာမျက်နှာ)

25TH ဇွန်, 2026

❝မြန်မာအိုအေစစ်ကုမ္ပဏီလီမိတက်❞ သည် ခေတ်အဆက်ဆက် စားသုံးသူများ၏ အစဉ်အလာကြီးမားသော အားပေးမှုကို ရရှိခဲ့သည့် “ရွိုင်ရယ်-ဒီ” တစ်ခါသောက်ဓာတ်ဆား(အ)မှုန့်ထုပ်များကို (၁၉၉၀) ခုနှစ်ကစ၍ မိတ်ဆက်ပေးခဲ့ပါသည်။

ခြွင်းချက်မရှိထိမိသည့် ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်၏ ရနံ့နှင့်အရသာကို လတ်ဆတ်စွာ ခံစားနိုင်စေရန်အတွက် လှပသေသပ်သည့် ဘူးပုံစံဖြင့် (၂၀၁၆) ခုနှစ်ကစတင်၍ ပြည်တွင်းတွင် ထုတ်လုပ်ခဲ့ပြီး နိုင်ငံတ၀ှမ်းက မိသားစုဝင်တိုင်း၏ နှစ်သက်မြတ်နိုးစွာ အားပေးမှုကို တခဲနက်ရရှိခဲ့ပါသည်။ စားသုံးသူတို့အတွက် ရွေးချယ်စရာ အရသာအသစ်ကို ထပ်မံဖြည့်ဆည်းပေးနိုင်မည့် ရွိုင်ရယ်-ဒီ စပျစ်အရသာ ဓာတ်ဆားအားဖြည့်ဖျော်ရည်ကို (၂၀၂၃) ခုနှစ်တွင် ထပ်မံမိတ်ဆက်ခဲ့ပါသည်။

ထို့အပြင် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်လိုသူတိုင်းနှင့် အားကစားသမားတိုင်းအတွက် ရေဓာတ်ဖြည့်တင်း ကျန်းမာခြင်းကိုပေးစွမ်းမည့် အပြာရောင်ဘူးဒီဇိုင်းနှင့် စွမ်းဆောင်ရည်မြှင့် အိုင်းယွန်းအမျိုးအစားများ ပိုလျှံစွာပိုပါဝင်သော ❝ဟိကာရီ အိုင်းယွန်းဖြည့်အချိုရည်❞ ကိုလည်း မြန်မာအိုအေစစ်ကုမ္ပဏီလီမိတက်က အသစ် ထပ်မံထုတ်လုပ်ထားပါသည်။