ပြေးနေရင်း ကိုယ့်ရဲ့ Performance ကို ထိန်းထားနိုင်ဖို့ သတိထားရမယ့် (၃) ချက်

ပြေးနေရင်း ကိုယ့်ရဲ့ Performance ကို ထိန်းထားနိုင်ဖို့ သတိထားရမယ့် (၃) ချက်

ပြေးလမ်းပေါ်မှာ ကိုယ့်ရဲ့ Limit ကို ကျော်ဖြတ်ဖို့ ကြိုးစားတာ ကောင်းပေမယ့် ခန္ဓာကိုယ်ကပေးတဲ့ Warning Signs (သတိပေးလက္ခဏာ) တွေကိုတော့ လျစ်လျူမရှုသင့်ပါဘူး။ အထူးသဖြင့် အပူချိန်လွန်ကဲတဲ့ ရာသီဥတုတွေမှာ အောက်ပါအချက်တွေကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

  • ခေါင်းမူးပြီး အာရုံစိုက်ရခက်ခြင်း ဒါဟာ ခန္ဓာကိုယ်တွင်း ရေဓာတ်နဲ့ သကြားဓာတ် သိသိသာသာ လျော့နည်းသွားတဲ့ လက္ခဏာပါ။ ရေငတ်တဲ့အထိ မစောင့်ဘဲ တစ်နေ့တာလုံး ရေဓာတ်ဖြည့်တင်းထားဖို့နဲ့ လိုအပ်တဲ့အားအင်အတွက် Glucose ကို အမြန်ဆုံး ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။
  • နှလုံးခုန်နှုန်း ပုံမှန်ထက် အဆမတန် မြန်လာခြင်း အသက်ရှူမမှန်ဘဲ နှလုံးတုန်လာတာဟာ ခန္ဓာကိုယ် အပူလွန်ကဲခြင်း (Overheating) ကြောင့် ဖြစ်နိုင်ပါတယ်။ Pace ကို အတင်းတွန်းမပြေးဘဲ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို သေချာနားထောင်ပြီး အရှိန်လျှော့တာ ဒါမှမဟုတ် ခေတ္တအနားယူပေးပါ။
  • ကြွက်သားတုန်ခါခြင်း သို့မဟုတ် ထုံကျင်ခြင်း ချွေးနဲ့အတူ မရှိမဖြစ်ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားတဲ့အခါ ကြွက်တက်ခြင်းနဲ့ ကြွက်သားနာကျင်ခြင်းတွေ ဖြစ်လာတတ်ပါတယ်။

Royal-D: Your True Performance Partner

ဒီလိုစိန်ခေါ်မှုတွေကို ကာကွယ်ဖို့အတွက် Royal-D က သင့်ရဲ့ True Performance Partner အဖြစ် ရှိနေပေးမှာပါ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Glucose ကို စွမ်းအင်အဖြစ် အမြန်ဆုံးပြောင်းလဲပေးပြီး ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားတွေကို ချက်ချင်းဖြည့်တင်းပေးတဲ့အတွက် ကြွက်တက်ခြင်း (Muscle Cramps) ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

“ဘယ်လောက်ပဲ ခက်ခဲတဲ့ လမ်းကြောင်းဖြစ်ပါစေ… Royal-D က သင့်ရဲ့ Energy Replenishment (အားအင်ပြန်လည်ပြည့်ဖြိုးမှု) အတွက် အမြဲအသင့်ရှိနေမှာပါ။”