မိဘပြည်သူများ နွေရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရန်
🏠 မိသားစုတိုင်းအတွက် နွေရာသီကျန်းမာရေး ဗဟုသုတများ မျှဝေခြင်း ရွိုင်ရယ်–ဒီ (Royal-D) မိသားစုအနေဖြင့် မိဘပြည်သူများ နွေရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် သိထားသင့်သည့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို ဝေမျှပေးရန် ရည်ရွယ်၍ “နွေရာသီအပူဒဏ်နှင့် သင့်မိသားစုကျန်းမာရေး” အသိပညာပေးဟောပြောပွဲကြီးကို ရန်ကုန်မြို့၊ Times City အားကစားနှင့် ပရိုမိုးရှင်းဧရိယာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
ယခု ဟောပြောပွဲတွင် ကျန်းမာရေးကဏ္ဍမှ ထင်ရှားသည့် ဒေါက်တာသူရိန်လှိုင်ဝင်း၊ ပရိသတ်ချစ်ခင်အားပေးရသည့် သရုပ်ဆောင် နော်ဖောအယ်ထား နှင့်အတူ လူမှုကွန်ရက် Social Influencer များဖြစ်ကြသည့် မနန္ဒါ နှင့် မမြဘုန်းဆင့် တို့က အထူးဧည့်သည်တော်များအဖြစ် တက်ရောက်ကာ နွေအပူဒဏ်ကို စနစ်တကျ တုံ့ပြန်နိုင်မည့် နည်းလမ်းများကို အကျယ်တဝင့် ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။
💡 ဟောပြောပွဲမှ သိထားသင့်သည့် နွေရာသီ ကျန်းမာရေး ဆောင်ရန်/ရှောင်ရန်များ ဟောပြောပွဲအတွင်း အဓိကထား ဆွေးနွေးခဲ့ကြသည့် မိသားစုတိုင်း လိုက်နာမှတ်သားသင့်သော ကျန်းမာရေးလမ်းညွှန်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
- 👕 လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်နိုင်သည့် အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ပါ။
- ⛱️ အပြင်ထွက်သည့်အခါတိုင်း နေရောင်ခြည် တိုက်ရိုက်မထိတွေ့စေရန် ထီး (သို့) ဦးထုပ် ဆောင်းပေးပါ။
- 💧 ရေဓာတ်မခမ်းခြောက်စေရန် နေ့စဉ် ရေနှင့် အရည်များကို ပုံမှန်ထက် ပိုမိုသောက်သုံးပေးပါ။
- 🔋 ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားသော ဓာတ်များကို အမြန်ဆုံး ဖြည့်တင်းပေးနိုင်သည့် ဓာတ်ဆားဖြည့်ဖျော်ရည်ကို သောက်သုံးပါ။
- 🏃♂️ နေပူရှိန်ပြင်းထန်ချိန်တွင် ခန္ဓာကိုယ်ကို အလွန်အမင်း မောပန်းစေမည့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကို ဆင်ခြင်ပါ။
- ⏰ တတ်နိုင်သမျှ အပူရှိန်အပြင်းဆုံးအချိန်ဖြစ်သည့် မနက် (၁၁) နာရီမှ ညနေ (၃) နာရီအတွင်း နေပူထဲသို့ သွားလာခြင်းကို ရှောင်ကြဉ်ပါ။
- 🍽️ ခန္ဓာကိုယ်အတွင်း အပူဒဏ်ကို ပိုမိုလှုံ့ဆော်ပေးမည့် အစားအစာများကို နွေရာသီတွင် လျှော့ချစားသုံးပါ။
🎉 ပျော်ရွှင်စရာဂိမ်းများနှင့် အေးမြလန်းဆန်းစေမည့် ဓာတ်ဆားဖြည့်တင်းမှု အသိပညာပေး ဟောပြောချက်များအပြင် တက်ရောက်လာကြသည့် မိဘပြည်သူများ ပျော်ရွှင်စေရန်အတွက် စိတ်လှုပ်ရှားဖွယ် ဂိမ်းအစီအစဉ်များကို ကျင်းပပေးခဲ့ပြီး၊ နွေအပူဒဏ်ကို အေးမြစေရန် ရေနှင့်ဓာတ်ဆားဓာတ်များ အချိန်မီ ပြန်လည်ဖြည့်တင်းပေးနိုင်သည့် “ရွိုင်ရယ်–ဒီ” ဘူးများကို ဝေငှပေးခဲ့ပါသည်။
ပင်ပန်းနွမ်းနယ်နေသူတိုင်းအတွက် ခန္ဓာကိုယ်မှ လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဖြည့်တင်းပေးမည့် အကောင်းဆုံး ရွေးချယ်စရာအဖြစ် ရွိုင်ရယ်–ဒီ (Royal-D) က အမြဲတစေ အနားမှာ ရှိနေပါမည်။ ဟောပြောပွဲသို့ လာရောက်အားပေးခဲ့ကြသည့် မိဘပြည်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် အမှတ်တရ ကုသိုလ်ပုံရိပ်များကို ပြန်လည်ဝေမျှအပ်ပါသည်။
🌟 “ချွေးထွက်များလို့ ရေဓာတ်ဆုံး ရွိုင်ရယ်–ဒီ သာ အကောင်းဆုံး”