| ပြည်နယ် / တိုင်း | မြို့ | ဖုန်းနံပါတ် |
|---|
ထုတ်ကုန်များ
ရရှိနိုင်သောထုတ်ကုန်များ
ရွိုင်ရယ်-ဒီ (အသင့်သောက်ဘူးများ)
မူလသီးစုံအရသာ
ရွိုင်ရယ်-ဒီ (အသင့်သောက်ဘူးများ)
စပျစ်အရသာ
ရွိုင်ရယ်-ဒီ (အထုပ်)
မူလသီးစုံအရသာ
ရွိုင်ရယ်-ဒီ (အထုပ်)
စပျစ်အရသာ
ရွိုင်ရယ်-ဒီ (အထုပ်)
စတော်ဘယ်ရီအရသာ
အမေးအဖြေများ
မကြာခဏမေးလေ့ရှိသော မေးခွန်းများ
ရေဓာတ်ပြည့်ဝမှု၊ ဓာတ်ဆားဓာတ်များ၊ စွမ်းအင်ဖြည့်တင်းမှု သို့မဟုတ် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ပတ်သက်၍ သိရှိလိုသည်များ ရှိပါသလား? လူသိများပြီး မကြာခဏ မေးလေ့ရှိသော မေးခွန်းများနှင့် အဖြေများကို အောက်တွင် လေ့လာကြည့်ရှုနိုင်ပါသည်။
နှစ်သက်ဖွယ် ရနံ့အရသာ၊ ရွေးချယ်စရာများစွာနှင့်အတူ ခေတ်အဆက်ဆက် စားသုံးသူတို့၏ အစဉ်အလာကြီးမားသော အားပေးမှုကို ရရှိခဲ့သည့် “ရွိုင်ရယ်-ဒီ” တစ်ခါသောက်ဓာတ်ဆား(အ)မှုန့်ထုပ်များကို တင်သွင်းဖြန့်ချိခဲ့သည်။ ထို့နောက် မိသားစုတိုင်း နှစ်သက်မြတ်နိုးစွာ အစဉ်တစိုက်အားပေးမှုကို ရရှိထားတဲ့ ခြွင်းချက်မရှိထိမိသည့် ရနံ့အရသာ၊ အသင့်သောက်ဘူးပုံစံနှင့် ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်ဘူးများကို နိုင်ငံတကာစံချိန်စံညွှန်းမီစွာ စတင်ထုတ်လုပ်ခဲ့သည်။
ရွေးချယ်စရာအသစ် ရွိုင်ရယ်-ဒီ စပျစ်အရသာ ဓာတ်ဆားအားဖြည့်ဖျော်ရည်ဘူးများကို မူလအရည်အသွေးအတိုင်း ထုတ်လုပ်ရောင်းချလျက်ရှိသည်။
လူ့ခန္ဓာကိုယ်သည် အချိန်ရာသီမရွေး ချွေးထွက်နေသည်။ နည်းခြင်း၊ များခြင်းသာ ကွာခြားပါသည်။ ထို့ကြောင့် သင့်ခန္ဓာကိုယ်တွင်လည်း ရေနှင့်ဓာတ်ဆားများ အချိန်နှင့်အမျှဆုံးရှုံးနေသည်ကို သတိပြုသင့်သည်။ ချွေးထွက်များပင်ပန်းလှသည့် တနေ့တာအတွင်း ဆုံးရှုံးသွားသည့် ရေနှင့်ဓာတ်ဆားဓာတ်များကို မှန်ကန်မြန်ဆန်စွာ ပြန်လည်ဖြည့်တင်းရန်နှင့် အားပြည့်လန်းဆန်းမှုကို နေ့ရက်တိုင်းတွင် ခံစားနိုင်စေရန် “ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်” ကို နေ့စဉ်သောက်သင့်ပါသည်။
မနက်ခင်းမီးဖိုချောင်မှသည် ညနေရီမှောင်သည်အထိ ဇယ်ဆက်မနား ချွေးထွက်များပင်ပန်းရသည်မှာ အိမ်ထောင်ရှင်မေမေများပင် ဖြစ်သည်။ နိစ္စဓူဝအိမ်မှုကိစ္စနှင့် မိသားစုတာဝန်အကြား အားပြည့်လန်းဆန်းနေစေရန်နှင့် မိသားတစ်စုလုံးကို မှန်ကန်မြန်ဆန်စွာ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်စေရန်၊ မေမေတိုင်းအတွက် အကောင်းဆုံး ရွေးချယ်စရာအဖြစ် “ရွိုင်ရယ်-ဒီ” ရှိနေပါသည်။
“ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်” ကို နိုင်ငံတဝန်းရှိ ဈေးဝယ်စင်တာနှင့် စူပါမားကတ်များ၊ နီးစပ်ရာ ကုန်စုံဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ပါသည်။
မှန်ကန်မြန်ဆန်သည့် အားပြည့်လန်းဆန်းမှုနှင့်အတူ တစ်နေ့တာကုန်ဆုံးသွားသည့် ရေနှင့်ဓာတ်ဆားဓာတ်များကို ပြန်လည်ဖြည့်တင်းပေးမည့် “ရွိုင်ရယ်-ဒီ သီးစုံဓာတ်ဆားဖျော်ရည်” ကို ကိုယ်လက်လှုပ်ရှား၊ ချွေးထွက်များ၍ ပင်ပန်းနေသူများ၊ နေပူကျဲတဲတွင် သွားလာလုပ်ကိုင်နေသူများ၊ ပြန်လည်လန်းဆန်းအားပြည့်လိုသူများနှင့် မိသားစုဝင်တိုင်း ရေနှင့်ဓာတ်ဆားဓာတ်များကို ပြန်လည်ဖြည့်တင်းပေးရန် သောက်သုံးသင့်ပါသည်။
ပူပြင်းသည့်နွေရာသီတွင်သာမက မိုးတွင်းနှင့်ဆောင်းကာလမရွေး၊ ဥတုသုံးပါးစလုံးတွင်လည်း ချွေးထွက်များနေတတ်ပါသည်။ ထို့ကြောင့် နေပူပူ မိုးရွာရွာ၊ ချွေးထွက်များမှန်းမသိသာသည့် ဆောင်းကာလမှာပါ မှန်ကန်မြန်ဆန်သော အားပြည့်လန်းဆန်းမှုကို ခံစားနိုင်စေရန်အတွက် “ရွိုင်ရယ်-ဒီ” ကို သောက်သုံးသင့်ပါသည်။
တလွှားလွှားပြေး၊ တလွေ့လွေ့ခုန်၍ အားရအောင်ဆော့တတ်ကြသည်မှာ ကလေးတို့သဘာဝဖြစ်သည်။ သို့သော် ချွေးထွက်များပင်ပန်းခြင်းကို နားမလည်သေးသလို၊ နှုတ်မှလည်း ထုတ်ပြောတတ်ဦးမည်မဟုတ်ပါ။ မိဘများကပင် အရိပ်တကြည့်ကြည့်နှင့် ဂရုစိုက်ကာ ရေနှင့်ဓာတ်ဆားများ ပြန်လည်ဖြည့်တင်းပေးရပါမည်။ အသက် (၃) နှစ်အထက် ကလေးများအတွက် မှန်ကန်မြန်ဆန်သည့် အားပြည့်လန်းဆန်းမှုကို ပေးစွမ်းရန်အတွက် “ရွိုင်ရယ်-ဒီ” ကို ရွေးချယ်တိုက်ကျွေးနိုင်ပါသည်။
ချွေးထွက်ခြင်းဆိုတာ ခန္ဓာကိုယ်ပူအိုက်လာတဲ့အခါ အပူချိန်လျှော့ချဖို့ သဘာဝအတိုင်း လုပ်ဆောင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ချွေးထွက်ပြီး အငွေ့ပျံသွားတဲ့အခါ ခန္ဓာကိုယ်တွင်းက ရေဓာတ်နဲ့ သတ္တုဓာတ်တွေ ဆုံးရှုံးသွားတဲ့အတွက် ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်စေဘဲ ခန္ဓာကိုယ်ပုံမှန်ပြန်လည်လည်ပတ်နိုင်ဖို့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်း (Rehydrate) ပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။
Heat Stroke (အပူလျှပ်ခြင်း) ဆိုတာ ပူပြင်းတဲ့ရာသီဥတုအောက်မှာ အချိန်အကြာကြီး နေမိတာ ဒါမှမဟုတ် ပူအိုက်တဲ့ပတ်ဝန်းကျင်မှာ ပြင်းပြင်းထန်ထန် လှုပ်ရှားမိတာကြောင့် ခန္ဓာကိုယ်အပူချိန် (၁၀၄ ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် ၄၀ ဒီဂရီ စင်တီဂရိတ်နှင့် အထက်) အထိ မြင့်တက်လာပြီး ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းညှိစနစ် ပျက်စီးသွားကာ အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။